ကျွန်းစု အောက်တိုဘာ ၉
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Women Club) တို့ပူးပေါင်း၍ စာရေးဆရာမ ခင်စောတင့်၏ “စွန့်စားမှုဆီသို့ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ ညနေ(၃)နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးသန္တာဖြိုးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး၊ (Women Club) အဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းဌေးက “အမေဆိုတာ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အဖွဲ့ဝင် ဒေါ်အေးသန္တာဖြိုးက “ကျေးဇူးပါအမေ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အဖွဲ့ဝင် ဒေါ်သန်းဖြူလွင်က “လူတန်းစားအလွှာ မခြားနားစေရ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အဖွဲ့ဝင် ဒေါ်မြသော်တာဝင်းက “သမီးသိပ်ကံကောင်းတယ်” ခေါင်းစဉ်ဖြင့် အသီးသီးဆွေးနွေး ခဲ့ကြသည်။
စိုးစိုးသွယ်(ကျွန်းစု)