ရေတာရှည် အောက်တိုဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း ဆောင်းသီးနှံစိုက်ပျိုးရာတွင် ပန်းတိုင်အထွက်နူန်း ပြည့်မီကျော်လွန်စေရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများက အောက်တိုဘာလ ၇ ရက်နေ့တွင် ကျွဲရိုင်းပြင်ကျေးရွာအုပ်စု ရွာသစ်ကျေးရွာသို့သွားရောက်၍ တောင်သူများနှင့် တွေ့ဆုံကာ စိုက်ပျိုးရေး အသိပညာပေးဆွေးနွေး၍ မြေပဲအထွက်ကောင်း မျိုးသန့် မျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဥက္ကာသန်း က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနေလင်းဇော်က ဆောင်းသီးနှံစိုက်ပျိုးရာတွင် အထွက်နှုန်း ကောင်းစေရေးအတွက် လိုက်နာဆောင်ရွက်ရမည့် နည်းစနစ်များနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် တောင်သူများက ဆောင်းသီးနှံစိုက်ပျိုးခြင်းနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး တောင်သူများအား မြေပဲ အထွက်ကောင်းမျိုးသန့် မျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
ရေတာရှည်(ပြန်/ဆက်)