ငရုတ်ကောင်းမြို့ အမှတ်(၂)ရပ်ကွက်ရှိ သက်ကြီးဘိုးဘွား(၁၀) ဦးအား အိမ်တိုင်ရာရောက် ထောက်ပံ့ငွေပေးအပ်

ငရုတ်ကောင်း   အောက်တိုဘာ   ၂၀

ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် နိုင်ငံတော်မှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ အသက် (၈၀)နှစ်ပြည့်ပြီး သက်ကြီးရွယ်အိုများအား ထောက်ပံ့သည့် ထောက်ပံ့ငွေများကို ယနေ့ နံနက်က ငရုတ်ကောင်းမြို့၊ အမှတ်(၂)ရပ်ကွက်အတွင်းရှိ သက်ကြီးဘိုးဘွား(၁၀) ဦး၏ နေအိမ်များသို့ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြသည်။

ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ နိုင်ငံတော်မှ သက်ကြီးအဘိုးအဘွား တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် ၃ သောင်းစီဖြင့် ထောက်ပံ့ပေးပြီး ယနေ့ထောက်ပံ့ငွေ ရရှိသော ငရုတ်ကောင်းမြို့၊ အမှတ်(၂) ရပ်ကွက်ရှိ အသက်(၈၀) ပြည့် အဘိုးအဘွား(၁၀) ဦးအတွက် ကျပ် ၃ သိန်းကို အုပ်ချုပ်ရေးမှူး ဦးလင်းလင်းနှင့် သက်ဆိုင်ရာ ရပ်ကွက်အတွင်းရှိ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတို့က အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။

ပြုံးမောင်မောင်(ပြန်/ဆက်)