တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကိုနှင့်တာဝန်ရှိသူများသည် မလိဝမ်းရွှေဖြူကုမ္ပဏီလီမိတက်၏ အရည်သွေးမြင့်ရော်ဘာအလုပ်ရုံ လုပ်ငန်းဆောင်ရွက်မှုများအားကွင်းဆင်းကြည့်ရှု

ကော့သောင်း အောက်တိုဘာ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြိုနယ်၊ မလိဝမ်းကျေးရွာရှိ မလိဝမ်းရွှေဖြူကုမ္မဏီလီမိတက်၏ လုပ်ငန်းဆောင်ရွက်မူအခြေအနေများအား ယမန်နေ့မွန်းလွဲ(၁၂:၃၀)အချိန်က တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့်တာဝန်ရှိသူများသည် လုပ်ငန်းဆောင်ရွက်နေမူများနှင့်ပတ်သက်၍လာရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပွင့်လင်းရာသီတွင်လုပ်ငန်းဆောင်ရွက်မည့် စက်ရုံကြိုတင်ပြင်ဆင်ဆောင်ရွက်မှုအခြေအနေများအား  စက်ရုံအတွင်းလှည့်လည်၍ ရော်ဘာစတင်ပြုလုပ်ပုံမှအဆင့်မြင့်ရော်ဘာထုတ်လုပ်နိုင်သည်အထိ လူအား၊ စက်အားဖြင့် ဆောင်ရွက်နိုင်မှုအခြေအနေများ၊ အဆင့်အတန်းမြင့်မားသော ရော်ဘာများရရှိနိုင်စေရန်၊ ရော်ဘာများထုတ်လုပ်ရာတွင်အသုံးပြုသည့် ခေတ်မှီစက်ကရိယာများ၊ ထွက်ရှိလာသော အဆင့်မြင့်ရော်ဘာများ ကိုပြည်ပသို့ တင်ပို့နိုင်သည့် အခြေအနေများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မလိဝမ်းရွှေဖြူကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူတစ်ဦးက လိုက်လံရှင်းလင်းပြသခဲ့ကြောင်းသိရသည်။

ထို့နောက် မလိဝမ်းရွှေဖြူကုမ္ပဏီလီမိတက်၏ ကုန်ကြမ်းပစ္စည်းများ အဆင့်မြင့်ရော်ဘာထုတ်လုပ်ထားရှိမှု အခြေအနေများအား လိုက်လံကြည့်ရှုခဲ့ကာလိုအပ်သည်များကို လမ်းညွန်မှာကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)