အုတ်ဖို အောက်တိုဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ငါးလုပ်ငန်းစခန်းတွင် ယနေ့နံနက်ပိုင်းက အေးမြသာယာစိုက်ပျိုးရေးမွေးမြူရေးအထက်ကျောင်းမှ စိုက်ပျိုးရေးဘာသာရပ် အထူးပြု ကျောင်းသားကျောင်းသူများအား အခြေခံငါးမွေးမြူခြင်းနှင့် ငါးဆေးထိုးသားဖောက်ခြင်းကို စာတွေ့လက်တွေ့သင်ကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်မှုတွင် အုတ်ဖိုမြို့ငါးလုပ်ငန်းစခန်းတာဝန်ခံဒေါ်မိုးသီတာမှ စိုက်ပျိုးရေးဘာသာရပ် အထူးပြုကျောင်းသားကျောင်းသူ(၂၉)ဦးနှင့် အုပ်ချုပ်သူဆရာ(၃)ဦးတို့အား အခြေခံငါးမွေးမြူခြင်းနှင့် ငါးဆေးထိုးသားဖောက်ခြင်းတို့ကို စနစ်တကျ စာတွေ့လက်တွေ့သင်ကြားပေးခဲ့ကြောင်း သိရသည်။
အောင်သူ (အုတ်ဖို)