မြို့နယ်အဆင့် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများ ဆင်ပေါင်ဝဲမြို့၌ ကျင်းပ

ဆင်ပေါင်ဝဲ အောက်တိုဘာ ၈

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် မြို့နယ်အဆင့် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများကို ယနေ့ နံနက် ၁၀နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း၌ ကျင်းပခဲ့သည်။

ထိုသို့ကျင်းပပြုလုပ်ရာတွင် ဘောလုံးအသင်းကျား/မ၊ ဘော်လီဘော အသင်း ကျား/မ၊ ကြက်တောင်ရိုက်အသင်း ကျား/မ၊ ပိုက်ကျော်ခြင်း ကျား၊ပြေးခုန်ပြစ် ကျား/မ ပြိုင်ပွဲများကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူများက ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲများကို အောက်တိုဘာ ၇ ရက်နေ့မှ၈ ရက်နေ့အထိ ယှဥ်ပြိုင်ကစားခဲ့ပြီး မြို့နယ်အဆင့်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများက အောင်လံခရိုင်သို့ သွားရောက်ယှဥ်ပြိုင်ကစားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရှိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)