သရက် အောက်တိုဘာ ၈
မကွေးတိုင်းဒေသကြီး၊ သရက်မြို့တွင် အငြိမ်းစားယူထားသည့် ပညာရေး(ငြိမ်း)ဆရာမကြီး/ဆရာမကြီး(၃)ဦးအား ပီတိပညာရေးပရဟိတမှ ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် ပီတိပညာရေး ပရဟိတနာယက ဦးတင်ထွဋ်၊ ဦးအောင်ကျောစို့းတို့က ယခုလိုသက်ပြည့်အငြိမ်းစား ယူပြီး ဆရာကြီး၊ ဆရာမများ လစဉ်အလှူငွေပေးအပ်ရာမှာ စေတနာအလှူငွေ ကောက်ခံသည့်စနစ်ဖြင့်ဆောင်ရွက်၍ ထောက်ပံ့ငွေပေးအပ်ရခြင်းဖြစ်ကြောင်း ပြောကြားပေးခဲ့ပြီး ပီတိပညာရေး ပရဟိတအဖွဲ့ဝင် ဦးမြင့်သိန်းက စေတနာအလှူငွေကောက်ခံ ဆောင်ရွက်ရသည့်အခြေအနေများကို ရှင်းလင်းပေးခဲ့သည်။
ထို့နောက် အငြိမ်းစားပင်စင်ယူထားသည့် ဒေါ်တင်တင်ဝင်း အ.လ.က(ဆင်ကော်)၊ ဒေါ်အေးဇာနည်ထွန်း အ.မ.က(လေးတိုင်စင်)နှင့် ဒေါ်သက်စုအေး အ.မ.က(ပိဿလိမ်း)တို့အား ပီတိပညာရေး ပရဟိတမှ ထောက်ပံ့သည့်ငွေကျပ်များကို နာယက ဆရာကြီး ဦးအောင်ကျော်စိုးနှင့် တာဝန်ရှိသူများက ပေးအပ်ရာ သက်ဆိုင်သူများမှ လက်ခံပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးခဲ့သည်။ ယင်းနောက် အငြိမ်းစားသက်ကြီးဆရာကြီး၊ ဆရာမကြီးများအားကျန်းမာရေး စောင့်ရှောက်ရန်အတွက် (၂)သောင်းနှုန်းအလှူငွေ ထည့်ဝင်ခဲ့ကြကြောင်း သိရသည်။
ဇော်ထက်(သရက်)