တိုင်းဒေသကြီးဝန်ကြီးချုပ် အုန်းချောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း နှစ်ထပ်ကျောင်းဆောင်သစ်အား တက်ရောက်ဖွင့်လှစ်၊ ချောင်းသာမြို့ရှိ ဌာနဆိုင်ရာများ ဟိုတယ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ

ပုသိမ် အောက်တိုဘာ 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ အုန်းချောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ (၁၄၀ပေ×၃၀ပေ) RC နှစ်ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ဦးစွာ ကျောင်းဆောင်သစ်အား တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းဒေသကြီးပညာရေးမှူးတို့နှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကာ ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ပြီး နှစ်ထပ်ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းကိုပြုလုပ်ရာ အုန်းချောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “မြန်မာ့ကျောင်း”သီချင်းဖြင့် အခမ်းအနား ဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “အုန်းချောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (၁၄၀ပေ×၃၀ပေ)RC နှစ်ထပ်ကျောင်းဆောင်သစ် ဖွင့်လှစ်နိုင်ခဲ့သဖြင့် မင်္ဂလာရှိသော နေ့ဟု ပြောရမှာဖြစ်ပါကြောင်းနှင့် ပြီးခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ၈၇.၅၇ ရာခိုင်နှုန်းဖြင့် အောင်မြင်ခဲ့သည့်အတွက်လည်း အနှစ်သာရပြည့်ဝသည့် အခမ်းအနားတစ်ခုဖြစ်သည်ဟု ပြောရမှာလည်းဖြစ်ပါကြောင်း၊ ယခင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျရရှုံးခဲ့သူများ၊ ဝင်ရောက်ဖြေဆိုနိုင်ခြင်းမရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ယခုနှစ်တွင် ဝင်ရောက်ဖြေဆိုနိုင်ရေးနှင့် အောင်မြင်စွာ ဖြေဆိုနိုင်ရေး စည်းရုံးဆောင်ရွက်သွားရန်လည်း လိုအပ်ပါကြောင်း၊  မိမိတို့တိုင်းဒေသကြီးသည် ကျောင်းဖွင့်လှစ်မှု၊ ကျောင်းတက်ရောက်မှုနှင့် အတန်းစဉ်ကူးပြောင်းမှုအများဆုံးဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝင်စားမေးပွဲ အောင်ချက်မြင့်မားရေးအတွက် နှစ်စမှပင် တွန်းအားပေး ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်တည်ဆောက်ရာတွင် ပညာရေးဖြင့် ရင်းနှီးမြှုပ်နှံရမှာဖြစ်ပါကြောင်းနှင့် ပညာရေးကိုလိုလားသည့် ဒေသဖြစ်ပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက တက်ညီလက်ညီဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ ရာနှုန်းပြည့် အောင်ချက်မြင့်မားရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း အမှာစကားများ ပြောကြားခဲ့သည်။

ဆက်လက်၍ ကျောင်းဆောင်သစ်ဆောက်လုပ်သည့် ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပညာရေးဌာနသို့ ကျောင်းဆောင်သစ်နှင့်ပတ်သက်သည့် စာရွက်စာတမ်းများအား လွှဲပြောင်းပေးအပ်ပြီးနောက် အုန်းချောင်းကျေးရွာအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီးက တိုင်းဒေသကြီးပညာရေးမှူးထံသို့ ကျောင်းသစ်ဖွင့်ပွဲအထိမ်းအမှတ်အလံအား ပေးအပ်ခဲ့သည်။ ယင်းနောက် ကျောင်းအကျိုးတော်ဆောင်တစ်ဦးက ကျေးဇူးတင်စကားများ ပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းအတွက် ထောက်ပံ့ငွေများကို ပေးအပ်ရာ ကျောင်းအုပ်ကြီးလက်ခံရယူခဲ့ပြီးနောက် အခမ်းအနားကို ကျောင်းသား၊ ကျောင်းသားသူလေးများက “ဇာတိမာန်”သီချင်းဖြင့် သီဆိုဖျော်မှုအား ကြည့်ရှုအားပေးခဲ့ကာ ဖျော်ဖြေရေးအဖွဲ့များအတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် ရွှေသောင်ယံမြို့၊ သပေါ့ကန်ကျေးရွာ၌ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၄)၊ တံတားအထူးအဖွဲ့(၁၆)မှ ဆောင်ရွက်လျက်ရှိသည့် သဘော့ကန်တံတားတည်ဆောက်ရေးစီမံကိန်းရှင်းလင်းဆောင်သို့ သွားရောက်ခဲ့ရာ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၄)၊ တံတားအထူးအဖွဲ့(၁၆) တာဝန်ခံမှ ဘဏ္ဍာနှစ်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးစေရေး၊ အရည်အသွေးပြည့်မီစေရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး အလေးထား ဆောင်ရွက်ရန် မှာကြားခဲ့ပြီး တံတားတည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါတံတားသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ ငရုတ်ကောင်း -ငွေဆောင်-ချောင်းသာ - ရွှေသောင်ယံ- မကျီးဇင် - ကျောက်ချွန် -ဂွလမ်း (ရွှေသောင်ယံ - မကျီးဇင်အပိုင်း)၌ တည်ရှိပြီး တံတားပေအရှည် ၁၅၉ဝ ပေ၊ ယာဉ်သွားလမ်းအကျယ် (၂၄ပေ)၊ လူသွားလမ်းအကျယ် တစ်ဖက်လျှင် ၃ ပေ ၆ လက်မ၊ ရေလမ်းကင်းလွတ်အမြင့် ၁၂ ပေ၊ ရေလမ်းကင်းလွတ်အမြင့် ၈၂.၁၂ပေနှင့် တံတားခံနိုင်ဝန် HL-93 ရှိကြောင်း သိရသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် သပေါ့ကန်ကျေးရွာအခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံခဲ့ရာ ကျောင်းအုပ်ကြီးက ကျောင်းအတွက်လိုအပ်ချက်များကို တင်ပြခဲ့ရာ ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ဖြည့်ဆည်းပေးနိုင်ရေးသက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ဝက်သေကျေးရွာသို့သွားရောက်၍ ပုသိမ်မြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ခရိုင် နွယ်ညိုချောင်း-သဲကျင်း-ပိုးလောင်းလမ်း၌ ဝက်သေချောင်းကူးသစ်သားတံတားအား ကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင်နိုင်ရေး ဆောင်ရွက်မည့် အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရွှေသောင်ယံမြို့၊ ပြည်သူ့ဆေးရုံသို့ ​သွားရောက်ကာ ​ဆေးရုံတက်​ရောက် ကုသလူနာများအား လိုက်လံကြည့်ရှု အား​ပေးစကားများ ​ပြောကြားခဲ့ပြီး ထောက်ပံ့​ငွေနှင့် အာဟာရပြည့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကာ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍  ဧည့်မထဆန်တစ်ပြည်လျှင် (၂၅၀၀)ကျပ်၊ ဆီတစ်ပိဿာလျှင် (၅၀၀၀)ကျပ်နှုန်းဖြင့်လည်းကောင်း၊ ရွှေသောင်ယံမြို့နှင့်ချောင်းသာမြို့စိုက်ပျိုးရေးဉီးစီးဌာန၊ ခြံထွက်ဟင်းသီးဟင်းရွက်အရောင်းဆိုင်နှင့် ပုသိမ်မြို့နယ်နှင့် ရွှေသောင်ယံမြို့ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးကြပ်၍ ရေထွက်ပစ္စည်းဝယ်ယူစုဆောင်းသူလုပ်ငန်းရှင်များမှ အခြေခံစားသောက်ကုန်၊ ဟင်းသီးဟင်းရွက်များ၊ ငါး၊ ပုစွန်များကိုလည်းကောင်း ဝန်ထမ်းများနှင့် ပြည်သူများထံသို့ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ချောင်းသာမြို့ ပြည်သူ့ဆေးရုံသို့​သွားရောက်ကာ ​ဆေးရုံတက်​ရောက် ကုသလူနာများအား လိုက်လံကြည့်ရှု အား​ပေးစကားများ​ပြောကြားခဲ့ပြီး ထောက်ပံ့​ငွေနှင့် အာဟာရပြည့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကာ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးကြပ်၍  ဧည့်မထဆန်တစ်ပြည်လျှင် (၂၅၀၀)ကျပ်၊ ဆီတစ်ပိဿာလျှင် (၅၀၀၀)ကျပ်နှုန်းဖြင့်လည်းကောင်း၊ ရွှေသောင်ယံမြို့နှင့် ချောင်းသာမြို့ စိုက်ပျိုးရေးဉီးစီးဌာန၊ ခြံထွက်ဟင်းသီးဟင်းရွက်အရောင်းဆိုင်နှင့် ပုသိမ်မြို့နယ်နှင့် ရွှေသောင်ယံမြို့ငါးလုပ်ငန်းဦးစီးဌာနမှကြီးကြပ်၍ ရေထွက်ပစ္စည်းဝယ်ယူစုဆောင်းသူလုပ်ငန်းရှင်များမှ အခြေခံစားသောက်ကုန်၊ ဟင်းသီးဟင်းရွက်များ၊ ငါး၊ ပုစွန်များကိုလည်းကောင်း ဝန်ထမ်းများနှင့် ပြည်သူများထံသို့ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ချောင်းသာမြို့၊ Azura ဟိုတယ်၌ ပြုလုပ်သည့် ‌ဌာနဆိုင်ရာများ၊ ဟိုတယ်ဇုန်လုပ်ငန်းရှင်များ၊ အထွေထွေမန်နေဂျာများနှင့် တွေ့ဆုံပွဲသို့တက်ရောက်၍ ကမ်းခြေဒေသခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်း‌ဒေသကြီးအစိုးရအဖွဲ့ရုံး၌ ယခုလအတွင်းဌာနဆိုင်ရာများ၊ ဟိုတယ်ဇုန်လုပ်ငန်းရှင်များနှင့် တွေ့ဆုံအစည်းအဝေး ပြုလုပ်ခဲ့ပါကြောင်း၊ လျှပ်စစ်လိုအပ်ချက်များအတွက် ဆိုလာစနစ်၊ လေအားလျှပ်စစ်စနစ်များဖြင့် လျှပ်စစ်လိုအပ်များဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိကမ်းခြေများသို့ ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ငွေဆောင်၊ ချောင်းသာဟိုတယ်ဇုန်များသို့ ပြည်တွင်း၊ ပြည်ပခရီးသွား (၇)သိန်းကျော် ဝင်ရောက်ခဲ့ပါကြောင်းနှင့် စည်ပင်လိုင်စင်ရယူထားသည့် တည်းခိုခန်းများတွင်လည်း (၄)သိန်းကျော်ဝင်ရောက်ခဲ့ပြီး စုစုပေါင်း (၁၁)သိန်းကျော် ဝင်ရောက်ခဲ့ပါကြောင်း၊ အောက်တိုဘာလသည် ပွင့်လင်းရာသီဖြစ်၍ ခရီးသွားများပိုမိုဝင်ရောက်လာတော့မှာဖြစ်ပြီး ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးစေရေး သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုနှစ်တွင် ယခင်နှစ်ထက်ခရီးသွားများ ပိုမိုကျော်လွန်ဝင်ရောက်အောင် လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ခရီးသွားများ တစ်ခေါက်လာရောက်သည်နှင့် ထပ်ကာထပ်ကာ လာရောက်ချင်စိတ်များ ဖြစ်ပေါ်စေရေး ဝန်ဆောင်မှုကောင်းများ ပေးဆောင်ရန်လိုပါကြောင်း၊ ခရီးသွားများ သွားလာရေးအဆင်ပြေစေရန်အတွက် လမ်းပိုင်းအားနည်းမှုများအပေါ် ရရှိသည့်ရန်ပုံငွေအပေါ်မူတည်၍ အဆင့်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊  ကမ်းခြေသာယာလှပရေးများအပြင် ခရီးသွားလာသူများ အေးချမ်းစွာ အပန်းဖြေအနားယူနိုင်ရေးနှင့် စည်းကမ်းတကျ သွားလာလည်ပတ်နိုင်စေရေး၊ ထိခိုက်မှုတစ်စုံတစ်ရာမရှိစေရေးနှင့် လုံခြုံမှုအပြည့်အဝရရှိစေရန်အတွက်လည်း ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊  ပြည်တွင်းပြည်ပ ခရီးသွားများအနေဖြင့် အပန်းဖြေရုံသက်သက်မကဘဲ  တိုင်းဒေသကြီးရှိ မြို့ကြီးများ၏ အထင်ကရနေရာများ၊ ရှေးဟောင်းအဆောက်အဦများနှင့် တခြားဆွဲဆောင်မှုရှိသည့်နေရာများရှာဖွေ၍ စိတ်ဝင်စားဖွယ်ရာ၊ လေ့လာလည်ပတ်စရာခရီးစဉ်အသစ်များ ဖော်ဆောင်ရန်လိုအပ်ပြီး ခွင့်ပြုချက်များ ရယူဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ကမ်းခြေဒေသများ ပိုမိုသန့်ရှင်းသာယာလှပစေရေးနှင့် ခရီးသွားလုပ်ငန်းများပိုမိုဖွံ့ဖိုးတိုးတက်စေရေး ဟိုတယ်ဇုန်များအနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန်လည်းလိုပါကြောင်းနှင့် အကြံကောင်းဉာဏ်ကောင်းများရှိပါကလည်း ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း အမှာစကား ပြောကြားသည်။

ဆက်လက်၍ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ချောင်းသာရုံးခွဲတာဝန်ခံက ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍဆိုင်ရာများကို ရှင်းလင်းတင်ပြပြီးနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာသူများ၏ အထွေထွေဆွေးနွေးတင်ပြခဲ့ကြပြီး တိုင်းဒေသကြီးအစိုးအဖွဲ့ သယံဇာတရေးရာဝန်ကြီးက တိုင်းဒေသကြီးအတွင်းလျှပ်စစ်ဖြန့်ဖြူးပေးနေမှုနှင့် လေအားလျှပ်စစ်၊ ရေအားလျှပ်စစ်၊ Solar စနစ်များဖြင့် လျှပ်စစ်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကာ နိဂုံးချုပ်အမှာစကားများ ပြောကြားခဲ့သည်။

လှမင်းထွဋ်(ပြန်/ဆက်)