ကလေးမြို့နယ်၊ ကျောင်းတိုက်ကျေးရွာတွင် ဒေသခံပြည်သူများအား နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်

ကလေး အောက်တိုဘာလ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကလေးတပ်နယ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်‌ပေးခြင်းကို ယမန်နေ့က ကျောင်းတိုက်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ‌ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ကလေးတပ်နယ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့များက သွေးတိုးရောဂါ၊ အထွေထွေအားနည်းရောဂါ၊ ချောင်းဆိုးရောဂါ၊ လည်ချောင်းနာရောဂါ၊ မျက်စိရောဂါ၊ အစာအိမ်နှင့် အူလမ်းကြောင်းရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ခါးနာရောဂါ၊ နူနာရောဂါ အစရှိသည့် ဒေသခံပြည်သူ ၂၁၅ ဦးအား ကျန်းမာရေးစစ်ဆေးပေးခဲ့ပြီး ထိုသို့ဆောင်ရွက်နေမှုများအား ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ကလေး)၊ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အောင်နိုင်ဦးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

ကလေးတပ်နယ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့များသည် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၏ ကျန်းမာရေးစောင့်ရှောက်မှုများကိုသာမက တိုင်းဒေသကြီးအတွင်းနှင့် ပြည်နယ်အသီးသီးရှိ မြို့များမှ သံဃာတော်၊ သက်ကြီးဘိုးဘွားများနှင့် ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)