ပွင့်ဖြူ အောက်တိုဘာ ၈
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစည်ပင်သာယာဈေးကြီးအား မီးဘေးလုံခြုံစေရန်နှင့် လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်အတွက် အောက်တိုဘာ ၆ ရက် ၊ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး လျှပ်စစ်စစ်ဆေးရေးဦးစီးဌာန(EI)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွေး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မကွေးတိုင်းဒေသကြီးလျှပ်စစ်စစ်ဆေးရေးဦးစီးဌာန(EI)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွေး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က မြို့နယ်လျှပ်အင်ဂျင်နီယာ ဦးမျိုးမင်းနိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်နှင့်ဝန်ထမ်းများ၊ ဈေးကော်မတီဝင်များနှင့်အတူ ပွင့်ဖြူမြို့မစည်ပင်သာယာဈေးသို့ သွားရောက်၍ ဈေးအတွင်း/အပြင်ရှိ လျှပ်စစ်မီး ရယူသုံးစွဲနေမှု အခြေအနေများနှင့်စပ်လျဉ်းပြီး မီးဘေးလုံခြုံစိတ်ချရမှု ရှိ/ မရှိ၊ လျှပ်စစ်အန္တရာယ် ဘေးကင်းလုံခြုံစိတ်ချရမှု ရှိ/ မရှိ တို့ကို လိုက်လံကြည့်ရှုစစ်ဆေးရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဈေးကော်မတီဝင်များက ဈေးလုံခြုံရေးအတွက် လျှပ်စစ်မီး ရယူသုံးစွဲမှုအခြေအနေများ၊ ဈေးမီးဘေးလုံခြုံရေး ကြပ်မတ်စစ်ဆေး ဆောင်ရွက်နေမှုများနှင့် ဈေးသူဈေးသားများ လျှပ်စစ်မီးရယူသုံးစွဲရာ၌ လျှပ်စစ်အန္တရာယ်နှင့် ဈေးမီးဘေးလုံခြုံစေရန် စနစ်တကျ သုံးစွဲရေး အသိပေး သတိပေးဆောင်ရွက်နေမှုလုပ်ငန်းများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တာဝန်ရှိသူများက ဈေးမီးဘေးလုံခြုံရေးနှင့် လျှပ်စစ်အန္တရာယ် ကင်းဝေးစေရေး ဆောင်ရွက်နေမှုများနှင့်ပတ်သက်ပြီး ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးမှာကြားပြီး ဈေးအတွင်း/ အပြင်ရှိ ဈေးဆိုင်ခန်းများအလိုက် လျှပ်စစ်မီးရယူသုံးစွဲရာ၌ လျှပ်စစ်အန္တရာယ်နှင့် မီးဘေးအန္တရာယ် မဖြစ်စေရေး စနစ်တကျ ကိုင်တွယ်အသုံးပြုကြရန်၊ ဟောင်းနွမ်းဆွေးမြေ့နေသော လျှပ်စစ်ဝါယာကြိုးများ သုံးစွဲမှုမရှိရေး အခါအားလျော်စွာ ကြပ်မတ်စစ်ဆေးဆောင်ရွက်သွားရန် ဈေးကော်မတီဝင်များနှင့် ဈေးသူဈေးသားများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )