ငဖဲ အောက်တိုဘာ ၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း ကောက်ယူမည့် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းကို အောက်တိုဘာလ ၆ ရက်နေ့ နံနက် ၁၀ နာရီအချိန်က အဆိုပါရုံးခန်း၌ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ငဖဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာချစ်ချယ်ရီစိုးက Commcare application ကို အသုံးပြုကာ Mobile Phone တွင် မှန်ကန်စွာ ထည့်သွင်းအသုံးပြု၍ တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းနှင့် စာရင်းရေးသွင်းရာတွင် မှန်ကန်မြန်ဆန်စွာဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး ဒေါက်တာ ချစ်ချယ်ရီစိုးက ဦးဆောင်၍ ဌာနဝန်ထမ်း(၂)ဦးနှင့် စာရင်းကောက်သင်တန်းသားဦးရေ (၂၀) ဦးတို့အား တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်းအတွက် မှန်ကန်မြန်ဆန်စွာ ကောက်ယူဆောင်ရွက်နိုင်ရေး သင်ကြား ပို့ချပေးခဲ့သည်။
ထို့နောက် ချောင်းဖြူကျေးရွာရှိ အိမ်ထောင်စုများကို ကွင်းဆင်း၍ တိရစ္ဆာန်ကောင်ရေစာရင်း နမူနာ လက်တွေ့ကွင်းဆင်း ကောက်ယူခဲ့ကြောင်းနှင့် အဆိုပါသင်တန်းသို့ ကျေးရွာများမှ တိရစ္ဆာန်ကျန်းမာရေးလုပ်သားသင်တန်းသား (၂၀)ဦး တက်ရောက်ခဲ့ပြီး မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာချစ်ချယ်ရီစိုးနှင့် ဝန်ထမ်း (၂)ဦးက စာတွေ့၊ လက်တွေ့ တစ်ရက်တာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)