ဟင်္သာတရိုင်ပြည်သူ့စာကြည့်တိုက် ကလးစာဖတ်ခန်းတွင် ပုံပြောခြင်း အစီအစဉ်ကို Online မှတစ်ဆင့် ရိုက်ကူးတင်ဆက်

ဟင်္သာတ  အောက်တိုဘာ ၂၀

ဟင်္သာတခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ပြည်သူ့စာကြည့်တိုက်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးကာလအတွင်း  စာအုပ်စာစောင်ငှားရမ်းခြင်းကို ခေတ္တပိတ်ထားပြီး Online အစီအစဉ်ဖြင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ပြည်သူ့စာကြည့် တိုက်ရှိ ကလေး စာဖတ်ခန်းတွင် Happy Time ကလေးရုပ်စုံစာစောင်တွင် ပါဝင်သည့် ကဗျာဆရာ မောင်နိုင်လင်း (ကောလင်း)ရေးသားသည့် “ပန်းသပြေ” ကဗျာနှင့် ကဗျာဆရာ ရွှေမန်း (ပညာရေး) ရေးသားသည့် “အနာဂတ်အတွက်စာကိုဖတ်”ကဗျာရွတ်ဖတ်ခြင်း အစီအစဉ်ကို ရိုက်ကူးတင်ဆက် ခဲ့ကြောင်းသိရသည်။

အဆိုပါရိုက်ကူးခဲ့သည့် ကဗျာရွတ်ခြင်း အစီအစဉ်ကို ခရိုင်ပြည်သူ့စာကြည့်တိုက် Facebook Page တွင် လွှင့်တင်နိုင်ရန်အတွက် ရိုက်ကူးခြင်းဖြစ်ကြောင်း ဟင်္သာတခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး အရာရှိဒေါ်ခင်သန္တာထွေး ထံက သိရသည်။

ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်လုပ်ငန်းကို ခေတ္တပိတ် ထားသော်လည်း ပြည်သူများနှင့် ကလေးသူငယ်များ စာပေအသိပညာဗဟုသုတ ပိုမိုတိုးတက်လာစေရန် အတွက်  ရည်ရွယ်၍ စာအုပ်မိတ်ဆက်ဏ္ဌ၊ ရုပ်ပုံပြ ပုံပြင် ပြောကြားခြင်း၊ ရောင်စုံ စက္ကူလေးများဖြင့် အရုပ် ခေါက်ခြင်း၊ ကဗျာရွတ်ဆိုပြခြင်းတို့ကို ပြည်သူ့စာကြည့်တိုက် Facebook Page မှ တစ်ဆင့် Online စနစ်ဖြင့် ရိုက်ကူးတင်ဆက်ထုတ် လွှင့်ပေးနေကြောင်း သိရှိရသည်။

ကျော်ကျော်(ပြန်/ဆက်)