ကဝ အောက်တိုဘာ ၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ၂၀၂၃ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက အ.ထ.က(ကဝ) ဆရာကျော့ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပထမပိုင်းအခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုမင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားသို့ပေးပို့သော သဝဏ်လွှာကိုဖတ်ကြားခဲ့သည်။ ထို့နောက် ဒုတိယမြို့နယ်ပညာရေးမှူး ဦးခင်လှိုင်က ကုလသမဂ္ဂလက်အောက်ခံအဖွဲ့(၅)ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များမှပေးပို့သော စုပေါင်းသ၀ဏ်လွှာကို ဖတ်ကြားခဲ့ပြီး ဆုရကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ခဲ့သည်။
ဆက်လက်၍ ဒုတိယပိုင်းအခမ်းအနားကို မြတ်ဆရာသီချင်းဖြင့်ဖွင့်လှစ်ပေးခဲ့ပြီး အသက်(၆၅)နှစ်အထက် ဆရာကြီး/ဆရာမကြီးများအား ပူဇော်ကန်တော့ကြရာ ပူဇော်ခံဆရာကြီးနှင့် ဆရာမကြီးတို့က ဩဝါဒစကားချီးမြှင့်ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူး၍ ဖျော်ဖြေရေးအစီအစဉ်များဖြင့်ဖျော်ဖြေကာ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)