ဆိပ်ဖြူ အောက်တိုဘာ ၂၀
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ၌ တာဝန်ထမ်း ဆောင်ကြမည့် မဲရုံမှူး၊ဒုတိယမဲရုံမှူးများအား သင်တန်းပို့ချခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်ကစတင်ပြီး ကိုးတောင့်ကျေးရွာ၊ အခြေခံပညာအထက်တန်း ကျောင်းတွင် ပြုလုပ်သည်။
ဆိပ်ဖြူမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ပညာရေးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဉပဒေ၊ မြို့နယ်စာရင်းစစ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံ တင်ရေးဆိုင်ရာရုံးတို့ပူးပေါင်းပြီး နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတွင် မဲဆန္ဒရှင် ပြည်သူများ မြန်ဆန်ချောမွေ့စွာ မဲပေးနိုင်ရေးတို့အပြင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မရှိစေရန်နှင့် မဲရုံ (၁၀၃) ရုံများတွင် တာဝန် ထမ်းဆောင်ကြမည့် ပညာရေးဌာနမှ မဲရုံမှူး၊ ဒုတိယမဲရုံမှူး (၂၀၆) ဦးနှင့် ရပ်ကွက်ကျေးရွာ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးတာဝန်ယူထားကြသည့် ရပ်ကွက်၊ ကျေးရွာ စာရေး ဝန်ထမ်း (၄၆)ဦး စုစုပေါင်း (၂၅၂)ဦးအား သင်တန်းပေးရခြင်းဖြစ်သည်။
အဆိုပါသင်တန်းကို အောက်တိုဘာ ၁၉ရက်နှင့် ၂၀ ရက်နေ့များတွင် သင်တန်းများအား တစ်ရက်စီခွဲပြီး သင်တန်းခန်းမ(၅)ခန်းဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏လမ်းညွှန်ချက်နှင့်အညီ လိုက်နာပြီး သင်တန်းပို့ချ ကြောင်း သိရသည်။
ကိုမျိုး(ယောဧရာ)