စလင်း အောက်တိုဘာ ၇
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ကြူဝန်းကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် RCC(၂)ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းဆောင်သစ် ဆောက်လုပ်နေမှုအား စလင်းမြို့နယ်မှ တာဝန်ရှိပုဂ္ဂိုလ်များမှ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် စလင်းမြို့နယ် စီးမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်နှင့် တာဝန်ရှိပုဂ္ဂိုလ်များလိုက်လံကြည့်ရှုစစ်ဆေးခဲ့ရာ စလင်းမြို့နယ် ဒုတိယမြို့နယ်ပညာရေးမှူး ဦးရာဇာထက်နှင့် ကျောင်းအုပ်ဆရာမကြီးတို့က လိုက်လံရှင်လင်းပြသခဲ့ကြောင်း သိရှိရသည်။
အဆိုပါကျောင်းဆောင်သစ်အား ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှစတင်၍ ပြည်ထောင်စုရန်ပုံငွေ ကျပ်သန်း(၂၀၉.၅၄၇၀)ဖြင့် အလျား ၉၀ ပေ၊ အနံ ၃၀ ပေ(၂)ထပ် RCC အဆောက်အဦအဖြစ် စတင်၍ ဖူးသစ်ဆန်းကုမ္ပဏီမှဆောက်လုပ်ခဲ့ရာ ယခုအခါ ၇၅ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်ကြောင်းနှင့် အဆိုပါကျောင်းဆောင်သစ်ကြီး ဆောက်လုပ်ပြီးစီးပါက ကြူဝန်းကျေးရွာနှင့် အနီးအနားပတ်ဝန်းကျင် ကျေးရွာများမှ တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား/သူ(၅၀၇)ဦးတို့အတွက် အေးချမ်းသာယာစွာ ပညာသင်ကြားနိုင်မည်ဖြစ်ကြောင်း ကြူဝန်းကျေးရွာ အခြေခံမူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝေဝေလှိုင်ထံမှ သိရှိရသည်။
မောင်လွင်(စလင်း)