လပွတ္တာ အောက်တိုဘာ ၇
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ကွပ်ကဲမှုအောက်ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (လပွတ္တာ)၏အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ် (၆) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါ သင်တန်းကျောင်းခန်းမ၌ ကျင်းပရာ လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးညွှန့်က သင်တန်းဆင်းမိန့်ခွန်း ပြောကြားခဲ့သည်။ သင်တန်းတွင် ထူးချွန်ဆုရရှိသူများကို လပွတ္တာခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးညွှန့်က ပေးအပ်ချီးမြှင့်ခဲ့ပြီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးဝင်းမင်းဦးမှ သင်တန်းဆင်းအောင်လက်မှတ်များကို ပေးအပ်ခဲ့သည်။ ဆက်လက်၍ သင်တန်းကျောင်း ကျောင်းအုပ်မှ သင်တန်းတွင် သင်ကြားပေးခဲ့သော သင်ခန်းစာများကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး သင်တန်းသူကိုယ်စားလှယ်တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။
ထို့နောက် အခမ်းအနားသို့တက်ရောက်လာသူများက သင်တန်းဆင်း သင်တန်းသူများ၏ အဝတ်အထည်၊ လက်မှုလက်ရာများ ခင်းကျင်းပြသထားမှုကို ကြည့်ရှု့ကြသည်။ အဆိုပါသင်တန်းသည် အမျိုးသမီးငယ်များကို ကျောင်းအိပ်၊ ကျောင်းစား စရိတ်ငြိမ်းဖြင့်သင်ကြားပေးခြင်း၊ သင်ထောက်ကူပစ္စည်းအစုံအလင် ထောက်ပံ့၍ စာတွေ့၊လက်တွေ့သင်ကြားပေးများ ဆောင်ရွက်လျက်ရှိရာသင်တန်း အမှတ်စဉ် (၆) ကြိမ်အထိအောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းသူ စုစုပေါင်း ၂၄၀ ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)