စလင်းမြို့နယ်၌ (၂၀၂၃)ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲအခမ်းအနား ကျင်းပ

စလင်း အောက်တိုဘာ ၆

မကွေးတိုင်းဒေသကြီး  မင်းဘူးခရိုင်  စလင်းမြို့ အမှတ်(၁)အခြေခံပညာ  အထက်တန်းကျောင်း တွင်၂၀၂၃ ခုနှစ်ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်  မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်းအတွင်းရှိ  အားကစားရုံ၌  ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင်  မြို့နယ်ပညာရေးမှူးကိုယ်စား  ဒုမြို့နယ်ပညာရေးမှူး ဦးဇော်ဝင်းခိုင် က အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ အခမ်းအနား တက်ရောက်လာကြသူများက အသက် ၇၀ နှစ်နှင့်အထက် ကန်တော့ခံ ဆရာကြီး/ဆရာမကြီး ၂၅ ဦးအား ကန်တော့ပစ္စည်းငွေများဖြင့် ဂါရဝပြု ကန်တော့ကြရာ ဆရာကြီး ဆရာမကြီးများက ဝမ်းမြောက်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

 (မောင်လွင်)စလင်း