ကန့်ဘလူ အောက်တိုဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ၊ စာအုပ်စာစောင်နှင့် နံရံကပ်စာပြပွဲ၊ ကဗျာရွတ်၊ ပုံပြင်ပြောနှင့် ပန်းချီပြိုင်ပွဲများကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေး ဟောပြောပွဲတွင် ကန့်ဘလူ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်လဲ့လဲ့ဝင်းမောင်က ဟောပြောပွဲနှင့် ပြပွဲများ ပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာအပြင် ပြင်ပဗဟုသုတရှိသည့် စာပေများကို ဖတ်ရှု ရန် စာပေဗဟုသုတရှိသည့် စာပေဖတ်ရှုခြင်းကြောင့် လယ်သမားဘ၀မှ ပညာရှိအမတ်ကြီး ဖြစ်လာသည့် ဝန်ဇင်းမင်းရာဇာအကြောင်းကို ကျောင်းသား၊ ကျောင်းသူများအား ဟောပြောပြီး စာကြည့်တိုက်သို့ စာအုပ်များအခမဲ့ လာရောက်ငှားရမ်းကြရန် ပြောကြားခဲ့ပြီး ကဗျာရွတ်၊ ပုံပြင်ပြော၊ ပန်းချီပြိုင်ပွဲများ ပြုလုပ်ပေးပြီး ပြိုင်ပွဲဝင်ကလေးများအား ဗလာစာအုပ်နှင့် ခဲတံများ ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတရသစာအုပ်စာစောင်များကို စိတ်ပါ ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်