ကန့်ဘလူ အောက်တိုဘာ ၆
ကန့်ဘလူမြို့တွင် ၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စတုတ္ထအကြိမ် အသက်(၇၀) နှစ်နှင့် အထက် အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများအား ပူဇော်ကန်တော့ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း (ခန်းမ)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ(၃) ကြိမ်ရွတ်ဆို ဖွင့်လှစ်ပြီး ကုလသမဂ္ဂယူနက်စကိုမှ ပေးပို့သော ကမ္ဘာ့ဆရာများနေ့ သဝဏ်လွှာအား ခရိုင်ပညာရေး မှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်ခိုင်စိုးက ဖတ်ကြားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ဆရာများအခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား မြို့နယ်ပညာရေးမှူး ဦးမျိုးဝင်းက ဖတ်ကြားခဲ့သည်။
ဆက်လက်၍ အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများအား ပူဇော်ကန်တော့ပွဲကို ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းအုပ်ကြီး များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများက အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများအား ဩကာသကန်တော့ ချိုးဖြင့် ပူဇော်ကန်တော့ခဲ့ကြသည်။
ထိုနောက် ဆရာကြီး၊ ဆရာမကြီးတစ်ဦးလျှင် ကန်တော့ငွေကျပ် (၅၀၀၀၀)နှုန်းဖြင့် စုစုပေါင်း (၁၁၉)ဦးအား ကန်တော့ခဲ့ကြရာ ကန်တော့ခံဆရာကြီး တစ်ဦးနှင့် ဆရာမကြီးတစ်ဦးတို့က ဆုံးမဩဝါဒစကားပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်