စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက် ကန့်ဘလူခရိုင်အတွင်းရှိ ပြည်သူ့စစ် (ဌာနေ) အဖွဲ့ဝင်များနှင့် တွေ့ဆုံ

မုံရွာ အောက်တိုဘာ ၆

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်တို့သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာန ဆိုင်ရာများ၊ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် ကန့်ဘလူခရိုင် စုပေါင်းရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ကန့်ဘလူခရိုင် အတွင်းရှိ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်တို့က အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုံခြုံရေးတာဝန်များ ထမ်းဆောင်နေကြသည့် ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များအတွက် ထောက်ပံ့ငွေနှင့် ရိက္ခာအတွက် ထောက်ပံ့ငွေတို့အား လည်းကောင်း၊ အနောက်မြောက်တိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်က ကန့်ဘလူခရိုင်အတွင်းရှိ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင် များထံ ထောက်ပံ့ငွေနှင့် ရိက္ခာများအား တာဝန်ရှိသူများထံ အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြ သည်။

ဆက်လက်၍ ကန့်ဘလူခရိုင်အတွင်းရှိ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များ ကိုယ်စားကိုယ်စားလှယ် တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်း အနားကို ရုပ်သိမ်းခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော ကန့်ဘလူ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ယင်းနောက် ကန့်ဘလူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ကန့်ဘလူခရိုင်အတွင်းရှိ မြို့နယ်များ၏ ဒေသဖွံ့ဖြိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာလုပ်ငန်း များ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများ၊ MSMEs လုပ်ငန်းများ ဆောင်ရွက်နေမှု၊ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြုရေးလုပ်ငန်းများဆောင်နေမှု အခြေအနေများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ကန့်ဘလူခရိုင်အတွင်းရှိ မြို့နယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများအား အသီးသီး ရှင်းလင်းပြောကြားကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံတော်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကန့်ဘလူခရိုင်နှင့်မြို့နယ်အတွင်း ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်း များအတွက် အလေးထားကာ ဆောင်ရွက်ပေးလျက်ရှိမှု အခြေအနေများနှင့် ဒေသခံပြည်သူများအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမူရေး၊ လမ်းပန်း ဆက်သွယ်ရေးများ ကောင်းမွန်အောင်ဆောင်ရွက် ပေးနေမှုများအား ရှင်းလင်းပြောကြား သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကန့်ဘလူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌထံ ခရိုင်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများအတွက် ငွေကျပ် ၁၀ သိန်း၊ တိုင်းဒေသကြီး လူမှုရေးရာ ဝန်ကြီး ဦးဝင်းမြတ်စိုးက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌထံ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် ငွေကျပ် ၁၀ သိန်းနှင့် တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး အောင်မြင့်နိုင်က လုံခြုံရေးတာဝန်ထမ်းဆောင်နေသူများအတွက် ငွေကျပ် - ၁၀ သိန်း တို့အား အသီးသီးထောက်ပံ့ပေးအပ်ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးကာ တွေ့ဆုံပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)