ကဝမြို့နယ် အ.မ.က (မူလွန်) ကုန်းကြီးကျောင်း၌ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ကဝ အောက်တိုဘာ ၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ ကုန်းကြီးကျေးရွာ အ‌ခြေခံပညာမူလတန်း (မူလွန်)ကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်း အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် (၁၀)နာရီကကျင်းပခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သိန်းသိန်းမော်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဝင်းက ဟောပြောပွဲကျင်းပရခြင်း ရည်ရွယ်ချက်နှင့် မူးယစ်ဆေးဝါး၏အဓိပ္ပါယ်၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း၏ အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်း၊ ကျောင်းသား/ ကျောင်းသူများ သိရှိလိုက်နာသင့်သည့်အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဝင်းနှင့် ဝန်ထမ်းများက ကျောင်းသား/ ကျောင်းသူများအား ပုံပြင်စာအုပ်များဖြင့် ပုံပြင်များပြောပြခဲ့ပြီး မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်း အသိပညာပေးနံရံကပ်စာစောင်များ ပြသထားရာ ကျောင်းသား/ ကျောင်းသူများက စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)