ရွှေဘို အောက်တိုဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်ကြီးချုပ်ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ လိုက်ပါလျက် အောက်တိုဘာ ၆ရက်နေ့၊ နံနက်ပိုင်းတွင် ရွှေဘိုမြို့ရှိ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲအခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်အဖွဲ့သည် ပုခန်းဘုန်းတော်ကြီးကျောင်းတိုက်သို့ ရောက်ရှိပြီး မြို့နယ်သံဃနာယကဥက္ကဌကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တ ဝိဿုတအား ဖူးမျှော်ကြည်ညို၍ ဝတ္ထုငွေနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းခြင်း၊ ဆရာတော်ကြီးထံမှ အလှူရေစက်ချ တရားနာကြားခြင်းများ ပြုလုပ်ခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေဘုံရတနာမင်္ဂလာနန်းတော်သို့ ရောက်ရှိပြီး နန်းတော်အတွင်း လှည့်လည်ကြည့်ရူစစ်ဆေးခြင်း၊ နန်းတော်တာဝန်ခံ ဒုဦးစီးမှူး ဒေါ်အေးစန္ဒာမှ အသစ်တည်ဆောက်မည့် နန်းတော်ရုံး အဆောက်အဦများအား ရှင်းလင်တင်ပြခဲ့ရာ ဝန်ကြီးချုပ်မှ လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေဘိုပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး ဆေးရုံအစည်းအဝေးခန်းမ၌ ဆေးရုံအုပ်ကြီး ဒေါက်တာစောသက်လျာအောင်၊ ဆရာဝန်၊ သူနာပြု၊ ဆေးရုံဝန်ထမ်းများနှင့် တွေ့ဆုံခဲ့သည်။ တွေ့ဆုံပွဲတွင် ဆေးရုံအုပ်ကြီးမှ တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများ၊ ဆေးရုံတက်ရောက်ကုသသည့် လူနာများ အခြေအနေနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိသည့် အခြေအနေများအား တင်ပြဆွေးနွေးခဲ့ရာ ဝန်ကြီးချုပ်မှ လိုအပ်သည်များ လမ်းညွှန်မှာကြား၍ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရွှေဘိုပြည်သူ့ဆေးရုံနှင့် သူနာပြုသင်တန်း ကျောင်းများအတွက် ထောက်ပံ့ငွေ ၁၀ သိန်းကျပ်စီ ပေးအပ်ခဲ့ရာ ဆေးရုံအုပ်ကြီး ဒေါက်တာစောသက်လျာအောင်မှ လက်ခံရယူခဲ့ကြောင်းသိရသည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေဘိုမြို့၊ အမှတ် ၁၀ ရပ်ကွက်၊စက်မှုဇုံရပ်သို့ ရောက်ရှိခဲ့ပြီး နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေထုတ်ယူ၍ လုပ်ငန်းလည်ပတ်နေသည့် စီးပွားရေး လုပ်ငန်းရှင်များအနက် ဦးချိုမြင့်(အေးရွှေစင်ဆီစက်)၊ ဦးတင်မောင်စိုး (တိုးတိုးဆန်စက်)၊ ဦးသူရစံ (မိဘဂုဏ်ဆန်စက်)နှင့် ဦးတင်ထွန်းဦး (KT ကြက်စာတောင့်စက်ရုံ) တို့အား လှည့်လည်ကြည့်ရူ့စစ်ဆေးပြီး ဝန်ကြီးချုပ်မှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်