ကလေး အောက်တိုဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများအား စားအုန်းဆီကို ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ယနေ့နံနက် ၉ နာရီမှ ၁၂ နာရီအချိန်အထိ မြို့နယ်စုစုပေါင်းရုံရှေ့တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။
စားအုန်းဆီများရောင်းချပေးရာတွင် လူတစ်ဦးလျှင် စားအုန်းဆီ (၅၀) ကျပ်သားကို ငွေကျပ် ၅၆၈၇ နှုန်းဖြင့် ဌာနဆိုင်ရာဝန်ထမ်းများအား ရောင်းချပေးခဲ့သည်။ စားအုန်းဆီ ရောင်းချပေးနေမှုကို ကလေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှစိုးနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ စားအုန်းဆီများကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာ ရောင်းချပေးသောကြောင့် ဌာနဆိုင်ရာဝန်ထမ်းများမှာ ဝမ်းမြောက်လျက်ရှိကြပြီး လူဦးရေစုစုပေါင်း (၅၄၀) ဦး လာရောက် ဝယ်ယူခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)