စေတုတ္တရာမြို့နယ်တွင် အငြိမ်းစားနိုင်ငံဝန်ထမ်းများကိုသွေးတိုး၊ဆီးချို၊နှလုံးရောဂါနှင့် ဆက်စပ်ရောဂါများရှာဖွေစစ်ဆေးခြင်းနှင့် ကုသပေးခြင်းများ(အခမဲ့)ဆောက်ရွက်ပေး

စေတုတ္တရာ အောက်တိုဘာ ၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် တိုင်းဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွန်မှု၊ တိုင်းကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်း၏ စီစဉ်ဆောင်ရွက်မှုဖြင့် အငြိမ်းစားနိုင်ငံဝန်ထမ်းအားလုံးကို ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါနှင့် ဆက်စပ်ရောဂါများရှာဖွေစစ်ဆေးခြင်း၊ ကုသပေးခြင်းများကို စေတုတ္တရာမြို့နယ်ပြည်သူ့ဆေးရုံတွင် ယမန်နေနံနက်(၉)နာရီအချိန်က ရှာဖွေစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့နောက် စေတုတ္တရာမြို့နယ်ပြည်သူ့ဆေးရုံမှ ဆရာဝန်ကြီးဒေါက်တာမျိုးကိုကိုဇင်ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ သူနာပြုဆရာမများက အငြိမ်းစားနိုင်ငံဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါနှင့်ဆက်စပ်ရောဂါများ ရှာဖွေစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးရာတွင် ဆေးဝါးထောက်ပံ့ခြင်း၊ ECGဆွဲခြင်း၊ သွေးစစ် ဆေးပေးခြင်း၊ ဓာတ်မှန်ရိုက်ပေးခြင်းများကို အငြိမ်းစားနိုင်ငံဝန်ထမ်းစုစုပေါင်း(၃၅)ဦးအား (အခမဲ့)ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါအငြိမ်းစားနိုင်ငံဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါနှင့် ဆက်စပ်ရောဂါများ ရှာဖွေစစ်ဆေး/ကုသပေးခြင်းများကို အောက်တိုဘာ (၄)ရက်ဗုဒ္ဓဟူးနေ့မှစတင်၍ အခမဲ့ကုသပေးခဲ့ရာ အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဝင်းအိမွန်(ပြန်/ဆက်)