ငပုတော အောက်တိုဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ် ခရိုင်၊ ငပုတောမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရေး ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကြောင်းသိရသည်။
ရှေးဦးစွာငပုတောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မှအဖွဲ့ဝင်(၂ )ဦးသန်းဦးကအဖွင့် အမှာစကားပြောကြားရာ တွင်တိရစ္ဆာန်စာရင်း ကောက်ယူရာတွင်အုပ်ချုပ်ရေးမှူးများအကူအညီလိုအပ်ကြောင်း နယ်မြေစာရင်း ကောက်တဲ့အခါတိကျမှုရှိ အောင်ပူးပေါင်းပါဝင် ဆောင်ရွက်ရန်ပြောကြားခဲ့ပြီးပုသိမ်ခရိုင်ဦးစီးမှူး ဒေါက်တာသန်းဆွေဦးက တိရစ္ဆာန်စာရင်း ကောက်ယူ ပေးကြသော ရပ်ကွက်ကျေးရွာစာရေးများ အုပ်ချုပ်ရေးမှူးများအား တိရစ္ဆာန်ကောင်ရေ အတိအကျသိရမှသာလျှင် အသားငါးဖူလုံမှူရှိမရှိကိုသိရမှာဖြစ်တဲ့အတွက် တိရစ္ဆာန် ကောင်ရေစာရင်း ကောက်ယူရခြင်းဖြစ်ကြောင်း တိရစ္ဆာန် ကောင်ရေစာရင်းကောက်ယူခြင်းနှင့် စာရင်းရေးသွင်းရာတွင် မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင် ရေးအတွက်သင်တန်းဖွင့် လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ သင်တန်းကို စာတွေ့၊ လက်တွေ့ ပိုချခဲ့ကြောင်း၊ သင်တန်းသို့ မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ စုစုပေါင်းသင်တန်းသား (၄၁)ဦး တက်ရောက်ခဲ့ကြောင်းနှင့် အဆိုပါသင်တန်းအား စာတွေ့၊ လက်တွေ့ (၁)ရက်တာ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ကြောင်း၊ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ငပုတောမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၂)ဦးသန်းဦးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများတက်ရောက်ကြကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)