အုတ်တွင်းမြို့နယ် စိုက်ပျိုး/ မွေးမြူရေး အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများကို စိုက်ပျိုးရေးဘာသာရပ်အား လက်တွေ့သင်ကြားပြသ

အုတ်တွင်း အောက်တိုဘာ ၆

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ညောင်ခြေထောက်ကျေးရွာ၌ ဖွင့်လှစ်ထားရှိသော စိုက်ပျိုး/ မွေးမြူရေးအထက်တန်းကျောင်း (ညောင်ခြေထောက်)တွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများကို စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက စိုက်ပျိုးရေးဘာသာရပ်ဆိုင်ရာ ပညာသင်ကြားပေးခြင်းအား ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်း၌ လက်တွေ့သင်ကြားပြသပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ စိုက်ပျိုး/ မွေးမြူရေး အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ၊ စိုက်ပျိုးရေးအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၂)ဦးအား ဖြူးမြို့နယ် အုတ်ဖြတ်ကျေးရွာရှိ မျိုးသန့်စိုက်ပျိုးရေးခြံသို့သွားရောက်၍ မျိုးသန့်စိုက်ပျိုးထုတ်လုပ်ထားရှိမှုအခြေအနေ၊ သဘာဝဓာတ်မြေသြဇာပြုလုပ်မှု အခြေအနေနှင့် မျိုးသန့်စိုက်ပျိုးခြင်းနှင့် ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ ခြံဦးစီးမှူးဦးစိုးနိုင်မှ ပြန်လည်ရှင်းလင်းပေး​ခဲ့ပြီး၊ အဆိုပါ စိုက်ပျိုးရေးပညာဆိုင်ရာဘာသာ​ရပ်အား လက်တွေ့သင်ကြားပြသပေးနေမှုကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဆန်းဦးနှင့် ဝန်ထမ်းများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ခင်ခင်မာ (ပြန်/ဆက်)