ငွေဆောင်မြို့၊ အခြေခံပညာမူလတန်းကျောင်းတွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားနှင့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ကျဘန်းစကားပြောပြိုင်ပွဲများ ကျင်းပ

ငွေဆောင် အောက်တိုဘာ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အမှတ်(၂၀၁) အခြေခံပညာမူလတန်းကျောင်း၊ အ.မ.က( ငွေဆောင်) တွင် ယမန်နေ့ နေ့လည်( ၁း၀၀) နာရီက  ယမန်နေ့တွင် ကျရောက်သော ကမ္ဘာ့ဆရာများနေ့အား ဂုဏ်ပြုသည့် အခမ်းအနားနှင့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ ၊ ကျဘန်းစကားပြောပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ကမ္ဘာ့ဆရာများနေ့ ဂုဏ်ပြုအခမ်းအနားသို့ ပြန်/ဆက်ဦးစီးဌာန၊ ရပ်မိရပ်ဖများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/သူလေးများ တက်ရောက်ခဲ့သည်။ အခမ်းအနားအား နေ့လည်(၁း၀၀)နာရီ အချိန်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး Grade-4 ကျောင်းသူလေးများမှ အနန္တဂိုဏ်းဝင်ဆရာသခင် သီချင်းဖြင့် ဂုဏ်ပြုဖျော်ဖြေခဲ့ကြသည်။ ကျောင်းသူလေးများ၏ ဖျော်ဖြေမှုအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်နွယ်နွယ်ထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အမှတ်(၂၀၁) ကျောင်းအုပ်ဆရာကြီး ဦးပိုင်ဖြိုးအောင်မှ ဆရာများနေ့အကြောင်း ပြောကြားခဲ့သည်။ ရပ်မိရပ်ဖ ဦးမောင်ဘသောင်းနှင့် အ.မ.က(ငွေဆောင်) မှ ဆရာ ဦးဖြိုးသူရနောင်တို့မှလည်း ဂုဏ်ပြုအမှာစကား အသီးသီး ပြောကြားခဲ့ကြသည်။ ထို့နောက် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ကျဘန်းစကားပြောပြိုင်ပွဲများ စတင်ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင် ကျောင်းသား/သူလေးများက အားကြိုးမာန်တက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲများ ကျင်းပအပြီးတွင် အ.မ.က(ငွေဆောင်) ကျောင်းသား/သူလေးများမှ အမှတ်(၂၀၁) ငွေဆောင် သီချင်းဖြင့် ဂုဏ်ပြုနှုတ်ဆက်ခဲ့ပြီး အမှတ်(၂၀၁) အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပပြုလုပ်သော ကမ္ဘာ့ဆရာများနေ့ ဂုဏ်ပြုအခမ်းအနားသည် ညနေ(၁၆း၃၀)အချိန်တွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်