မြောင်းမြမြို့နယ် ပညာရေးကော်မတီဥက္ကဋ္ဌဖလား အမျိုးသားဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲများ  ယှဉ်ပြိုင်

မြောင်းမြ စက်တင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် ပညာရေးကော်မတီဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံ အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲကို   စခန်းကြီး အ..ကနှင့် ငုအိုင် အ..က (ခွဲ)တို့က ယမန်နေ့နေ့လည် (၂) နာရီအချိန်က မြောင်းမြမြို့၊ မြို့မအားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြသည်။

အဆိုပါ အကြိုဗိုလ်လုပွဲစဉ်တွင် စခန်းကြီး အ..က က ငုအိုင်အ..က(ခွဲ) ကို   ၂ ဂိုး၊  ဂိုးမရှိဖြင့် အနိုင်ရခဲ့ပြီး ဗိုလ်လုပွဲသို့ တက်ရောက်သွားကြောင်း သိရသည်။ အလားတူ ငါးမြင်းချောင်း အ..က နှင့် အ..က () ရေတွင်းရေကန် တို့ ယှဉ်ပြိုင်ကစားကြရာ ငါးမြင်းချောင်း အ. . က က နှစ်ဂိုး-တစ်ဂိုး​ဖြင့် အနိုင်ရခဲ့ရာ  စခန်းကြီး အ..က နှင့် ဗိုလ်လုပွဲတွင် တွေ့ဆုံ ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ‌ ကျောင်းပေါင်းစုံ အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို  မြောင်းမြမြို့နယ်အတွင်းရှိ ကျောင်းများမှ အသင်း (၂၂) သင်းတို့က ယှဉ်ပြိုင်ကစားကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက် (မြောင်းမြ)