သာယာဝတီ အောက်တိုဘာ ၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ သင်တောရိုးအုပ်စု၊ ကျွန်းကုန်းကျေးရွာ၊ ကွင်းအမှတ် ၄၇၃ (က) တောင်သူဦးဖိုးဆိတ်၏ မိုးစပါးစံပြကွက်ဗီယက်နမ် ရက် ၁၀၀ (၅)ဧက စိုက်ခင်းတွင် ယနေ့နံနက်ပိုင်းက စံကွက်ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
ထိုသို့ရိတ်သိမ်းရာတွင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် မြေစာရင်းဦးစီးဌာန၊ စီမံကိန်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် မိတ်ဖက်ဌာနများမှ ၅ ဒဿမ ၉ ပေ စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧက စပါးအစိုအထွက်နှုန်း (၁၁၃) တင်း၊ အခြောက် ၁၀၅ တင်းထွက်ရှိကြောင်း သိရသည်။
သာယာဝတီမြို့နယ်တွင် ၂၀၂၂-၂၀၂၃ခုနှစ်တွင် ရေနည်းလမ်းအလိုက် မိုးစပါးစိုက်ပျိုးပြီးစီးမှု သုံးဆယ်ရေလှောင်တံမံဆည်ရေဖြင့် ၃၆၃၁ ဧက၊ ဆည်ကန်ငယ်ရေဖြင့် ၃၂၃၆ ဧက၊ မိုးရေသောက် ၂၁၆၃၅ဧက၊ စုစုပေါင်း ၂၈၅၀၂ ဧက စိုက်ပျိုးပြီးစီးကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)