မင်းကင်းမြို့တွင် ပြည်သူများအဆင်ပြေစေရန် သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများ ဖြန့်ဖြူးရောင်းချပေး

မင်းကင်း အောက်တိုဘာ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့၊ အမှတ်(၁)ရပ်ကွက်တွင် ဆီကုန်သည်‌ ဒေါ်ခင်ဝင်းကြည် အရောင်းကိုယ်စားလှယ်နှင့်  တာဝန်ရှိသူများ ပူးပေါင်းကာ စားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် ယမန်နေ့က ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။

ဒေသခံပြည်သူများ စားအုန်းဆီကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာ ဝယ်ယူ စားသုံးနိုင်‌ရေးအတွက် မင်းကင်းမြို့၊ မြို့ပေါ်ရပ်ကွက် (၃)ရပ်ကွက်မှ အိမ်ထောင်စု ၅၅၀ စုနှင့် နိုင်ငံ့ဝန်ထမ်း ၅၅၀ စု  စုစုပေါင်းအိမ်ထောင်စု ၁၁၀၀ စုတို့အား အိမ်ထောင်စု တစ်စုလျှင် ၅၀ ကျပ်သားကို ငွေကျပ် ၃၁၀၀ နှုန်းဖြင့် ရောင်းချပေးခဲ့သည်။

အဆိုပါ စားအုန်းဆီများ ရောင်းချပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရန်နိုင်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စားအုန်းဆီရောင်းချမှု ကြီးကြပ်ရေးအဖွဲ့များက ကွင်းဆင်း ကြပ်မတ်ခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)