ရွှေတောင် အောက်တိုဘာ ၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးသက်ပိုင်ထွန်း၏ လမ်းညွှန်မှုဖြင့် ယမန်နေ့နံနက်ပိုင်းက နွားမယံကျေးရွာအုပ်စု၊ ပုရပိုက်တန်းကျေးရွာရှိ ဖန်တီးရှင် လယ်ယာသုံးစက်ပစ္စည်း ရောင်းဝယ်ရေးဝန်ထမ်းများအား မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောသရုပ်ပြသခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဒုတိယမီးသတ်ဦးစီးမှူး ဦးလှိုင်းကိုကိုက ပုဂ္ဂလိကလုပ်ငန်းရှင်များကို မီးဘေးဆိုင်ရာအသိပညာများ စိမ့်ဝင်ပျံ့နှံ့စေရေးအတွက် မီးဘေးအသိပညာပေး ဟောပြောခဲ့သည်။ ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဒုတိယမီးသတ်ဦးစီးမှူး ဦးလှိုင်းကိုကိုနှင့် တပ်ဖွဲ့ဝင်များက ဖန်တီးရှင်လယ်ယာသုံး စက်ပစ္စည်းရောင်းဝယ်ရေးဝန်ထမ်းများအား မီးသတ်ဆေးဘူး အသုံးပြုနည်းများကို ပြသခြင်းနှင့် ကိုယ်တိုင်လက်တွေ့ သရုပ်ပြမီးငြှိမ်းသတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)