ညောင်လေးပင်ခရိုင်အတွင်းရှိ ဂရန်အင်းများနှင့်တင်ဒါချက်များ ကြမ်းခင်းဈေးပြင်ဆင်ပြီး လေလံတင်ရောင်းချခြင်း အခမ်းအနားကျင်းပ

ညောင်လေးပင် အောက်တိုဘာ ၆

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်အတွင်းရှိ ဂရန်အင်းများ လေလံတင်ရောင်းချခြင်းနှင့်တင်ဒါချက်များ ကြမ်းခင်းဈေးပြင်ဆင် ရောင်းချခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီက မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ညောင်​​​လေးပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးအရာရှိ ဦးထိန်ဝင်းမှ အင်း/တင်ဒါချက်များအား လေလံတင်ရောင်းချခြင်းနှင့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားကာ ဂရန်အင်း (၁၀)အင်းနှင့် တင်ဒါချက် (၆)ချက်တို့အား လေလံတင်ရောင်းချရာ ဂရန်အင်း (၇)နှင့် တင်ဒါချက် (၄)ချက်အား ရောင်းချနိုင်ခဲ့ကြောင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံးမှ သိရသည်။

မြို့နယ် (ပြန်ဆက်)