ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနား ကယားပြည်နယ် လွိုင်ကော်မြို့၌ ကျင်းပ

လွိုင်ကော် အောက်တိုဘာ

ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ အခြေခံပညာဦးစီးဌာနမှ ပြည်နယ် ခရိုင် မြို့နယ် ပညာရေးမှူးများနှင့် ဆရာ ဆရာမများ ကျောင်းသား ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားကို လွိုင်ကော်မြို့ အမှတ်()အခြေခံပညာအထက်တန်းကျောင်း  ကျောင်းသား ကျောင်းသူများကမြတ်ဆရာသီချင်းဖြင့် ဂုဏ်ပြုသီဆိုဖွင့်လှစ်ခဲ့ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကို ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ဖတ်ကြားခဲ့သည်။

ထို့နောက် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့()ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များက ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ပေးပို့သော စုပေါင်းသဝဏ်လွှာကို ပြည်နယ်ပညာရေးမှူး ဦးဟန်တင်က ဖတ်ကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းဆင့် သင်ဆရာ၊ ဆရာမများ ဗဟိုဆင့်ဆောင်းပါး ပထမဆု ၊ အခြေခံပညာကျောင်းအုပ်ကြီးများနှင့် အထက်အရာထမ်းများ ဗဟိုအဆင့်ဆောင်းပါး တတိယဆုနှင့် ပြည်နယ်အဆင့် အခြေခံပညာအထက်တန်းဆင့် စာစီစာကုံးဆုရှိသူများအားလည်းကောင်း ၊ ပြည်နယ်ဝန်ကြီးများက ပြည်နယ်အဆင့်စာစီစာကုံးနှင့်ကဗျာ ပြိုင်ပွဲများတွင် ဆုရရှိသော အခြေခံပညာအထက်တန်းဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြပြီး  ၊ ပြည်နယ်အစိုးရအဖွဲ့ ၊ အတွင်းရေးမှူးက ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနား အဖွင့်သီချင်းနှင့် အပိတ်သီချင်းတို့ကို တီးခတ်ဖျော်ဖြေ တင်ဆက်ခဲ့ကြသည့် ကျောင်းသား ၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြသည်။

၎င်းနောက် လွိုင်ကော်မြို့၊ အမှတ်()အခြေခံပညာအထက်တန်းကျောင်း  ကျောင်းသား ကျောင်းသူများကအနန္တငါးဖြာမြတ်ဆရာသီချင်းဖြင့် ဂုဏ်ပြုသီဆိုခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အခမ်းအနားသို့ တက်ရောက်လာကြသော ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်စကားပြောကြားခဲ့ပြီး ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်ပြခန်းအား လှည့်လည်ကြည့်ရှုခဲ့ကြကာ ဆုရစာမူရှင် ကျောင်းသား ၊ ကျောင်းသူများနှင့် တစ်ဦးချင်းတွေ့ဆုံ၍ ဂုဏ်ပြုချီးကျူးစကား ပြောကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)