အိမ်မဲမြို့နယ်တွင် ၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

အိမ်မဲ အောက်တိုဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထက () ကျောင်း၏ ပညာ့ဗိမာန်ခန်းမတွင် ၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် () နာရီတွင်ကျင်းပသည်။

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးက ဖတ်ကြားပေးပြီး၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့ ()ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များက ပေးပို့သော စုပေါင်းသဝဏ်လွှာကို  မြို့နယ်ပညာရေးမှူး ကိုယ်စား မြို့နယ်ပညာရေးမှူး (ပူးတွဲတာဝန်) ဆရာကြီး ဦးအောင်မင်းကဖတ်ကြားပေးခဲ့သည်။

ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကမ္ဘာဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ (အထက်တန်း/အလယ်တန်း) ပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် အပူဇော်ခံဆရာကြီး၊ ဆရာမကြီးများအားတာဝန်ရှိသူများက ပူဇော်ကန်တော့ငွေများ ပေးအပ်ခဲ့ကာ အခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူများက မြတ်ဆရာသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။

ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)