ပဲခူး အောက်တိုဘာ ၆
ပဲခူးတိုင်းဒေသကြီးပညာရေးမှူးရုံး၊ ပြည့်မဏ္ဍိုင်ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးမြို့နယ်မှ ဆရာ၊ ဆရာမများက မြတ်ဆရာသီချင်းသီဆိုဖျော်ဖြေ၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ပဲခူးတိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှူး ဆရာကြီးဦးစိုးလွင်က ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများအား ပန်ကြားလွှာဖတ်ကြားကာ အခမ်းအနားတက်ရောက်လာကြသူအားလုံးက ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများအား ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ကြသည်။
ထို့နောက် ဆရာမဒေါ်ခင်ဝတ်ရည်က တေးထပ်သီချင်းဖြင့် သီဆိုဖျော်ဖြေပူဇော်ပြီး ပဲခူးတိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှူးဆရာကြီးဦးစိုးလွင်နှင့် အခမ်းအနားတက်ရောက်လာကြသူ တပည့်ဆရာ၊ ဆရာမများက ကန့်တော့ခံဆရာကြီး၊ ဆရာမကြီးများအား ကန်တော့ပစ္စည်းများပေးအပ်ကာ ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများကိုယ်စား ဆရာကြီးဦးက သြဝါဒစကားပြန်လည်ပြောကြားသည်။
ယင်းနောက် ဆရာမဒေါ်အိဇင်သက်ခိုင်က ပိုဒ်စုံရတုဖြင့် ဆရာကြီး၊ ဆရာမကြီးများအား ပူဇော်ကန်တော့ပြီး အခမ်းအနားတက်ရောက်လာကြသူ တပည့်ဆရာ၊ ဆရာမများက ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများနှင့် မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကာကန်တော့ခံဆရာကြီး၊ ဆရာမကြီးများအား နေ့လည်စာဖြင့်ဧည့်ခံကျွေးမွေးကြကြောင်း သိရသည်။
အဆိုပါ ပဲခူးတိုင်းဒေသကြီး ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်မြတ်ဆရာပူဇော်ပွဲတွင် ကန်တော့ခံဆရာကြီး၊ ဆရာမကြီး(၁၁၅)ဦးရှိပြီး အခမ်းအနားသို့(၂၀)ဦးတက်ရောက်ကာ အခမ်းအနားမတက်ရောက်နိုင်သည့် ဆရာကြီး၊ ဆရာမကြီးများအား အဝေးရောက်ကန်တော့ပစ္စည်းများ ပေးအပ်ကန်တော့ကြမှာဖြစ်ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)