ကလိန်အောင် အောက်တိုဘာ ၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ မိကျောင်းလှောင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောခြင်းနှင့် စာဖတ်ရှိန်မြင့်မားရေး ဗလငါးတန်ဘက်စုံဖွံ့ဖြိုးရေးအတွက် ယမန်နေ့မွန်းလွဲ (၁)နာရီက အဆိုပါကျောင်းခန်းမ၌ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ခင်လဲ့က အနာဂတ်မျိုးဆက်သစ် ကျောင်းသား/ကျောင်းသူများ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးရေးနှင့် အသိပညာ ဗဟုသုတတိုးပွားရေး၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ ကျောင်းစာများကို ကြိုးစားကြသလို ပြင်ပဗဟုသုတ တိုးပွားရေးအတွက် စာပေများကိုပါ လေ့လာဖတ်ရှုကြရန် ဟောပြောဆွေးနွေးခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များကို စိတ်ကြိုက်ရွေးချယ်ဖတ်ရှုကြပြီ ကလေးများအသိပညာဗဟုသုတတိုးပွားရေး စာအုပ်စာပေများနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လူငယ်များဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်နှင့် ဒေသလှုပ်ရှားမှု မှတ်တမ်းဓါတ်ပုံများစသည့် အသိပညာပေးနံရံကပ်စာစောင်များ ခင်းကျင်းပြသရာ ကျောင်းသား၊ကျောင်းသူများက စိတ်ပါ၀င်စားစွာ လေ့လာကြည့်ရှုခဲ့ကြပြီး ဟောပြောပွဲသို့ မိကျောင်းလှောင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား/သူ စုစုပေါင်း (၁၈၅)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)