ဝေါမြို့နယ်၌ (မြေပဲ၊ ပဲတီစိမ်း၊ မတ်ပဲ)သီးနှံများ ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေး အထွက်ကောင်းမျိုးများ ပြည်သူလက်ဝယ်သို့ပေးအပ်

ဝေါ အောက်တိုဘာ ၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီက ဦးဆောင်ကာ မြို့နယ်အတွင် မြေပဲ၊ ပဲတီစိမ်း၊ မတ်ပဲသီးနှံများ ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေး အထွက်ကောင်းမျိုးများ ပြည်သူလက်ဝယ်သို့ ပေးအပ်ခြင်းနှင့် နည်းပညာများဆွေးနွေးပြောကြားခြင်းကို အောက်တိုဘာ ၄ ရက်နေ့က အင်းတိုင်စုကျေးရွာနှင့် ဆင်ရွာကျေးရွာများတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသီဟထွန်းနှင့်ကော်မတီဝင်များသည် နံနက်ပိုင်းတွင် အင်းတိုင်စုကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ တောင်သူများနှင့်တွေ့ဆုံကာ မြေပဲ၊ ပဲတီစိမ်း၊ မတ်ပဲသီးနှံများ ပန်းတိုင်ရည်မှန်းချက် ပြည့်မီရေးအတွက် နည်းပညာများဆွေးနွေးပြောကြားပြီး၊ မြေပဲ၊ ပဲတီစိမ်း၊ မတ်ပဲသီးနှံအထွက် ကောင်းမျိုးများအား ပြည်သူလက်ဝယ်အရောက်ဖြန့်ဖြူးပေးအပ်သည်။

ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် ကော်မဝင်များသည် မွန်းလွဲပိုင်းတွင် ဆင်ရွာကျေးရွာရှိ အရှေ့ပိုင်းဘုန်းတော်ကြီးကျောင်းတွင် တောင်သူများနှင့်တွေ့ဆုံကာ မြေပဲ၊ ပဲတီစိမ်း၊ မတ်ပဲ သီးနှံများ ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေးအတွက် နည်းပညာများဆွေးနွေးပြောကြားပြီး၊ မြေပဲ၊ ပဲတီစိမ်း၊ မတ်ပဲသီးနှံ အထွက်ကောင်းမျိုးများအား ပြည်သူလက်ဝယ်အရောက်ဖြန့်ဖြူးပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)