လှိုင်းဘွဲ အောက်တိုဘာ ၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်း၊ လှိုင်းဘွဲမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့ World Teachers Day အထိမ်းအမှတ် အာစရိယပူဇော်ပွဲ အခမ်းအနားကို ယနေနံနက်(၁၀)နာရီအချိန်က လှိုင်းဘွဲမြို့ အခြေခံပညာ အထက်တန်းကျောင်း ပန်းဝတ်မှုံခန်းမ၌ မြို့နယ်ပညာရေးမိသားစုက ဦးဆောင်ကျင်းပခဲ့ကြသည်။
ရှေးဦးစွာ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကြည်ဇင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အပူဇော်ခံ သက်ကြီး ဆရာကြီး၊ ဆရာမကြီးများအား ဆရာကန်တော့ချိုးဖြင့် ရှိခိုးကန်တော့ခဲ့သည်။ ထို့နောက် ကန်တော့ခံဆရာကြီး၊ဆရာမကြီးများက မိတ်ဆက်စကားနှင့်ဆုံးမဩဝါဒစကားတို့ကို အသီးသီးပြောကြားခဲ့ကြပြီးနောက် ဆရာ၊ဆရာမများနှင့်တပည့်ဟောင်းများက လှိုင်းဘွဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားပေးခဲ့ကြသော အသက်(၇၀)နှစ်နှင့်အထက် အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများအား လှူဖွယ်ပစ္စည်းများ ပေးအပ်ခြင်း၊ ကန်တော့ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)