ညောင်တုန်းမြို့၌ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကျင်းပ

ညောင်တုန်း  အောက်တိုဘာ 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ညောင်တုန်းမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ မြို့‌တော်ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့သည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦး‌ကျော်စိုးကဖတ်ကြားပြီး ကုလသမဂ္ဂလက်‌အောက်ခံအဖွဲ့(၅)ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များကပေးပို့သော သဝဏ်လွှာအား မြို့နယ်ပညာရေးမှူး(ပူးတွဲတာဝန်) ဦးခင်‌ဌေးက ဖတ်ကြားခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက "အိုဘယ့်မြတ်ဆရာ" သီချင်းဖြင့် ဂုဏ်ပြုသီဆို၍  ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် အသက်(၇၅)နှစ်နှင့်အထက် ဆရာ၊ ဆရာမကြီးများ ပူဇော်ကန်တော့ခဲ့ကြပြီး ကန်တော့ခံဆရာ၊ ဆရာမကြီးများ၏ကိုယ်စား တစ်ဦးမှ ဆုံးမဩဝါဒစကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)