ဟားခါး အောက်တိုဘာ ၅
၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့အခမ်းအနားကို အောက်တိုဘာလ ၅ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ဗိုလ်တိုက်ချွန်းခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ချင်းပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးကဲများ၊ ခရိုင်နှင့် မြို့နယ်ပညာရေးမှူးများ၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြသည်။
ဟားခါးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက မြတ်ဆရာ တေးသီချင်း သီဆိုဖျော်ဖြေခြင်းဖြင့် အခမ်းအနားဖွင့်လှစ်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို ချင်းပြည်နယ်ဝန်ကြီးချူပ် ဒေါက်တာဝုန်ဆွန်းထန်က ဖတ်ကြားသည်။
ယင်းနောက် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့(၅)ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များက ပေးပို့သည့် စုပေါင်းသဝဏ်လွှာကို ချင်းပြည်နယ်ပညာရေးမှူး ဦးဘီကူးဒူက ဖတ်ကြားပြီး၊ Grade-11 ကျောင်းသူ မနူအီယာန်ဘိခ့်က ဆရာများအား ဂုဏ်ပြုတေးသီချင်းဖြင့် သီဆိုဖျော်ဖြေသည်။
ထို့နောက် ကန်တော့ခံအသက်(၇၀)နှစ်နှင့်အထက်ရှိ ဆရာကြီး၊ ဆရာမကြီးများအား ချင်းပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက လက်ဆောင်ပစ္စည်းပေးအပ်ပြီး၊ ကန်တော့ခံဆရာများကိုယ်စား ပြည်နယ်ပညာရေးမှူး အငြိမ်းစား ဦးရွှေခါရ်လျန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲ၌ ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားဆက်လက်ကျင်းပရာ အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် ပထမရရှိသည့် အ.ထ.က(၁) ဟားခါးမှ မောင်စောလမွန်၊ ဒုတိယဆုရရှိသည့် အ.ထ.က (၁) တီးတိန်မှ မထန်လမ့်ညဏ်၊ တတိယဆုရရှိသည့် အ.ထ.က (၁) ဖလမ်းမှ မထာသင်းကိမ်တို့အား ချင်းပြည်နယ်ဝန်ကြီးချုပ်ကလည်းကောင်း၊ အထက်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် ပထမဆုရရှိသည့် အ.ထ.က(၂) ဖလမ်းမှ မဝေနှင်းအေး၊ ဒုတိယဆုရရှိသည့် အ.ထ.က(၁)ဟားခါးမှ မနူနှီယာန်ဘိခ့်၊ တတိယဆု ရရှိသည့် အ.ထ.က(၁)တီးတိန်မှ မထန်လမ့်လွန်းတို့အား ပြည်နယ်တရားလွှတ်တော် တရားသူကြီး ချုပ်ကလည်းကောင်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမဆုရရှိသည့် အ.ထ.က(၁) ဟားခါးမှ မမာရ်စီတွန်ဇီး၊ ဒုတိယဆုရရှိသည့် အ.ထ.က(၃) ဖလမ်းမှ မဗန်ထာလှယ်ပါရ်၊ တတိယဆု ရရှိသည့် အ.ထ.က(၄)ဟားခါးမှ မဒေါသ့်ချင်းတီာလ်တို့အား ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးကလည်းကောင်း၊ အလယ်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် ပထမဆုရရှိသည့် အ.ထ.က(၃) ဟားခါးမှ မဘွေထာရွှေ၊ ဒုတိယဆုရရှိသည့် အ.ထ.က(၄)ဟားခါးမှ မဘလက်စိန်ဗန်ကြာတီာလ်၊ တတိယဆုရရှိသည့် အ.ထ.က(၃)ဖလမ်းမှ မလီနာဘွဲ့ရဲမ်ပါရ်တို့အား ပြည်နယ်လူမှုရေးရာဝန်ကြီး ကလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးကြကာ အခမ်းအနား ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)