အင်္ဂပူမြို့နယ်၌ ဆန္ဒမဲလက်မှတ်များ ပြည့်စုံမှန်ကန်မှုရှိစေရေး ဖွင့်ဖောက်စစ်ဆေး

အင်္ဂပူ  အောက်တိုဘာ ၂၀

ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးဓမ္မာရုံ၌ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမောင်မောင်စိုးနှင့်အဖွဲ့ဝင်များ၊ ဝန်ထမ်းများက ယမန်နေ့နံနက် နာရီမှစတင်၍ ဆန္ဒမဲလက်မှတ်များကို ဖွင့်ဖောက် စစ်ဆေးခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ပေးပို့လာသည့် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရမည့် မဲဆန္ဒနယ်အလိုက် လက်မှတ်များအားရရှိမည့် အရေအတွက် ပြည့်/မပြည့်၊ စွန်းထင်းစုတ်ပြဲနေသော ဆန္ဒမဲလက်မှတ်များ ပါဝင်မှုရှိ/မရှိ၊ သတ်မှတ်မဲဆန္ဒနယ်၏ ဆန္ဒမဲလက်မှတ်များ ဟုတ်/မဟုတ်၊ ပါဝင်ရမည့်  ကိုယ်စားလှယ် လောင်း အရေအတွက် မှန်/မမှန်နှင့် ကိုယ်စားလှယ်လောင်းများ၏ အမည်၊ အသုံးပြု သင်္ကေတ (logo)များ မှန်ကန်မှု ရှိ/ မရှိတို့အား ဖွင့်ဖောက်စစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ဆန္ဒမဲလက်မှတ်များ စစ်ဆေးရာတွင် ဟင်္သာတမြို့နယ်အတွက် ပြည်သူ့လွှတ်တော် ဆန္ဒမဲလက်မှတ် (၃၆၈၁)အုပ်၊ အမျိုးသားလွှတ်တော် ဆန္ဒမဲလက်မှတ် (၃၆၅၈)အုပ်၊ တိုင်းဒေသကြီး လွှတ်တော်အမှတ်(၁) ဆန္ဒမဲလက်မှတ် (၁၇၉၆)အုပ်၊ တိုင်းဒေသကြီးလွှတ်တော်အမှတ်(၂) ဆန္ဒမဲလက်မှတ် (၁၈၇၁)အုပ်၊ ကရင်တိုင်းရင်းသား လွှတ်တော် ဆန္ဒမဲလက်မှတ် (၂၉၄)အုပ်၊ ရခိုင်တိုင်းရင်းသား လွှတ်တော်ဆန္ဒမဲ လက်မှတ် (၆)အုပ်တို့ကို စစ်ဆေးခဲ့ကြောင်းနှင့် အင်္ဂပူမြို့နယ်တွင် မဲဆန္ဒရှင်စုစုပေါင်း (၁၆၃၈၅၉) ဦးရှိကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

မန်းကျော်(ပြန်/ဆက်)