မော်လမြိုင်ကျွန်းမြို့နယ်၌ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၌ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကျင်းပ

မော်လမြိုင်ကျွန်း အောက်တိုဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီအချိန်က အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ ငုဝါဆောင်ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်က ဖတ်ကြားပြီး ကုလသမဂ္ဂလက်‌အောက်ခံ အဖွဲ့ (၅)ဖွဲ့၏ အဖွဲ့ခေါင်းဆောင် များက ပေးပို့သော သဝဏ်လွှာအား မြို့နယ်ပညာရေးမှူး (ပူးတွဲတာဝန်) ဆရာကြီး ဦးစိုးဦးက ဖတ်ကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများ တက်ရောက်ခဲ့ပြီး ကမ္ဘာ့ဆရာများနေ့ကို ဂုဏ်ပြုသောအားဖြင့် “မြတ်ဆရာ” သီချင်းကို A–9 လမ်း (အ.မ.က) ကျောင်းအုပ်ဆရာကြီး ဦးထွန်းအောင်က  စန္ဒရားဖြင့် တီးခတ်၍ ကျောင်းသား/သူလေးများက ဂုဏ်ပြုသီဆိုဖျော်ဖြေခဲ့ကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)