ရေစကြိုမြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ

ရေစကြို  အောက်တိုဘာ ၅

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင်  အောက်တိုဘာလ ၃ ရက်နေ့ နံနက်၉နာရီအချိန်က   မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  အစည်းအဝေးခန်းမ၌  လူကုန်ကူးမှုတားဆီး ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲအခမ်းနားကျင်းပပြုလုပ်သည်။

အခမ်းအနားတွင်  မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ ဉက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းက အဖွင့်အမှာစကားပြောကြားခြင်း၊ မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ အတွင်းရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ရန်နိုင်ဝင်းက လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များဆွေးနွေးခြင်း၊ မြို့နယ်လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ အဖွဲ့ဝင်၊ မြို့နယ်ဉပဒေအရာရှိ ဦးသန့်ဇင်အောင်က လူကုန်ကူးမှုနှင့်ပတ်သက်၍ ဉပဒေဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးခြင်း၊ မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးချမ်းမြေ့အောင်က ရေစကြိုမြို့နယ် အေးချမ်းသာယာရေးအတွက် ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့်ပတ်သက်သည့် လုပ်ငန်းဆောင်ရွက်ချက်များ ဆွေးနွေးခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းက နိဂုံးချုပ်အမှာ စကားပြောကြားသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်း ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးချမ်းမြေ့အောင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးကျော်ဝင်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၃) မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးရန်နိုင်ဝင်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရေစကြိုမြို့နေပြည်သူ ၁၂၀ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မောင်လုလင် (ရေစကြို)