သနပ်ပင်မြို့နယ် အခြေခံပညာ အထက်တန်းကျောင်းခွဲ(ရစ်ကံလေး)ကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

သနပ်ပင် အောက်တိုဘာ ၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် လူငယ်များဗလငါးတန်ပြည့်စုံ‌စေရေးနှင်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က  ရစ်ကံလေး (ထခွဲ)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အ.ထ.ကခွဲ (ရစ်ကံ‌လေး) ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝါဝါထွန်းမှ အမှာစကားပြောကြားရာတွင် ယခုလိုစကားဝိုင်း ပြုလုပ်ပေးသည့်အတွက် ကျောင်းသားလူငယ်များအချင်းချင်း အသိပညာဗဟုသုတများ တိုးပွားလာစေပြီး၊ စဉ်စားတွေးခေါ်မှု တိုးတက်မြင့်မားလာစေကြောင်း၊ ပညာရဲရင့်ပွဲလယ်တင့်ဆိုသည့်စကားတိုင်း လူငယ်များပြောရဲဆိုရဲသည့် သတ္တိများရရှိလာမည့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ညိုပြာက လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး  ရစ်ကံလေးကျေးရွာ အုပ်ချုပ်ရေးမှူးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ ဆက်လက်၍  လူငယ်စကားဝိုင်းစတင်ခဲ့ရာ  ခေါင်းဆောင်ဆွေးနွေးသူအဖြစ် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝါဝါထွန်း‌၊ ပြန်/ဆက် ဦးစီးအရာရှိ ဒေါ်ညိုပြာ၊ (ရစ်ကံလေး) ထခွဲကျောင်း  Grade  (10)၊ Grade(8)၊ ၊  Grade(6) မှ ကျောင်းသူ(၄)ဦးက လူငယ်နှင့်ယဥ်‌‌ကျေးမှု၊ လူငယ်နှင့်မူးယစ်ဆေး၊ လူငယ်နှင့်အားကစား၊ ၊လူငယ်နှင့်ကျန်းမာ‌‌ရေး၊  အစရှိသည့် ခေါင်းစဥ်ပါအကြောင်း အရာများကို ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပြန်လည်ဆွေးနွေးကြကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ အ.ထ.က ခွဲ(ရစ်ကံလေး) ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝါဝါထွန်းနှင့်ဆရာဆရာမများ၊  ကျောင်းသား၊ ကျောင်းသူများစုစုပေါင်း (၁၀၀)ဦး တက်ရောက်ခဲ့သည်။

လှမိုး (ပြန်/ဆက်)