ကျောက်တံခါးမြို့နယ်တွင် လူငယ်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်

ကျောက်တံခါး အောက်တိုဘာ ၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပညာရေးဌာနနှင့်ပူးပေါင်းပြီး ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ လူငယ်အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၉ နာရီက အ-မ-က(လွန်)(စာတိုက်)ကျောင်း၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇာဇာစိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက လူကုန်ကူးမှုအဓိပ္ပါယ်၊ လူကုန်ကူးမှုနည်းလမ်းများ၊ လူကုန်ကူးရန်ပစ်မှတ်ထားခံရနိုင်သည့်သူများ၊ လူကုန်ကူးမခံရအောင် သိရှိထားရမည့်အချက်များ၊ လူကုန်ကူးခံရပါက ဆက်သွယ်နိုင်မည့် နည်းလမ်းများ၊ ကလေးအလုပ်သမားအဓိပ္ပါယ်၊ ကလေးအလုပ်သမားအသက်အရွယ်နှင့် ကလေးအလုပ်သမားပပျောက်ရေးရည်မှန်းချက်တို့ကို ဟောပြောသည်။

ဆက်လက်၍ လူကုန်ကူးမှုအန္တရာယ်၊ မူးယစ်ဆေးဝါးအန္တရာယ်၊ ကလေးအလုပ်သမားပပျောက်ရေး  အသိပညာပေးနံရံကပ်စာစောင်တို့ကိုပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)