ရေဖြူမြို့၌ ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရေဖြူ  စက်တင်ဘာ ၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ‌ရေဖြူမြို့နယ်တွင် ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အောင်သာဝတီ အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်လင်းနိုင်က အဖွင့်အမှာစကားပြောကြားရာ ဌာနဆိုင်ရာများအနေဖြင့် ဘုရားကျောင်းကန်နှင့် လူထုအကျိုးပြု စုပေါင်းသန့်‌ရှင်း‌ရေးလုပ်ငန်းများဆောင်ရွက်သည့်အခါတွင်လည်း တက်ညီ လက်ညီနှင့် ပူးပေါင်းဆောင်ရွက်စေလိုခြင်း၊ မိမိဌာနလုပ်ငန်းများအပြင် မြို့နယ်ဖွံ့ဖြိုး တိုးတက်‌ ရေးအတွက် ဆောင်ရွက်သည့်အခါ ပူးပေါင်းဆောင်ရွက်စေလိုကြောင်းပြောကြားပြီး တက်ရောက်လာကြသော ဌာနဆိုင်ရာမှ မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေး၍ ‌ဌာန အချင်းချင်းပေါင်းစပ် ဆောင်ရွက်ရမည့်ကိစ္စရပ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အပြန်အလှန် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ခတ္တာ