ကြို့ပင်ကောက် အောက်တိုဘာ ၅
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ အ.ထ.က (ကြို့ပင်ကောက်) တွင် မြို့နယ်အဆင့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျောင်းသားကျောင်းသူ လေးများက မြတ်ဆရာသီချင်းဖြင့် သီဆိုဖျော်ဖြေပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာကို မြို့နယ်ပညာရေးမှူး(တာဝန်) ဆရာကြီးဦးဇာ်မှ ဖတ်ကြားခဲ့သည်။
ထို့နောက် အပူဇော်ခံဆရာကြီး ဆရာမကြီးများမှ ကြို့ပင်ကောက်မြို့နယ်အတွင်း မိမိတို့၏ဆောင်ရွက်ခဲ့သော မှတ်တမ်းအချို့ကိုအမှာစကားပြောကြားပြီး မြို့နယ်အတွင်း တာဝန်ထမ်းဆောင်ခဲ့ကြသော ပညာရေးမှူး ဒုတိယမြို့နယ် ပညာရေးမှူး ဆရာကြီး ၁၁ ဦးအား တပည့်များက ပူဇော်ကန်တော့ကြရာ မြို့နယ်ပညာရေးမှူးအငြိမ်းစား ဆရာကြီး ဦးအောင်ဝင်းမှ ဆုံးမဩဝါဒ ဆုပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
ကြို့ပင်ကောက်မြို့ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပညာရေးမှူး လက်ထောက်ပညာရေးမှူး အငြိမ်းစားဆရာကြီးများဌာနဆိုင်ရာ အကြီးအကဲများ အထက်တန်းအလယ်တန်း ကျောင်းအုပ်ကြီးများ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြကြာင်း သိရသည်။
ဇေယျာထွန်း (ကြို့ပင်ကောက်)