မုံရွာမြို့တွင် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

မုံရွာ အောက်တိုဘာ

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အ‌ကြောင်းအရာ သန်းခေါင်စာရင်းများကောက်ယူနိုင်ရေးအတွက် အထောက်အကူပြုစေရန် စမ်းသပ်သန်းခေါင်စာရင်းများကို မြို့ပေါင်း ၂၀ တွင် ကောက်ယူလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ယနေ့နံနက် ၈ နာရီ အချိန်က စမ်းသပ် သန်းခေါင်စာရင်း များ ကောက်ယူရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်

စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် စမ်းသပ်သန်းခေါင်စာရင်းများ ကောက်ယူရေး ကောက်ကွက်(၁၀)ကွက်တွင် တစ်ကွက်လျှင် အိမ်ခြေ(၁၂၅)အိမ်နှုန်းဖြင့် အောက်တိုဘာလ ၁ ရက်နေ့မှ အောက်တိုဘာလ ၁၀ ရက်နေ့အထိ သက်ဆိုင်ရာ ဌာနဆိုင်ရာ အကြီးအကဲများ နှင့် ဝန်ထမ်းများက နေ့စဉ်ကောက်ယူသွားမည်ဖြစ်ရာ ယနေ့နံနက်ပိုင်းတွင်လည်း မုံရွာမြို့ ရုံးကြီးရပ်ကွက်၌ အဖွဲ့ (၅)ဖွဲ့ ခွဲ ၍ ဉ္စမနေ့ ဆက်လက်ကောက်ယူလျက်ရှိကြောင်း သိရှိရသည်။

 အဆိုပါ စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများကို မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် အဖွဲ့ဝင်များ၊ သန်းခေါင်စာရင်း ကောက်ယူရေးကော်မတီအ‌ဖွဲ့ဝင်များက လိုအပ်သည်များကို ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး ရပ်ကွက်နေပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့သည်။

မုံရွာမြို့နယ်တွင် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများအား အောက်တိုဘာ()ရက်နေ့မှ အောက်တိုဘာ(၄)ရက်နေ့အထိ အိမ်‌ထောင်စု(၇၅၃)စု လူဦးရေ(၁၃၀၄)ဦး ကောက်ယူနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)