နတ်မောက်မြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်လှစ်

နတ်မောက် အောက်တိုဘာ ၅

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၃ခုနှစ် ၊ နိုဝင်ဘာလအတွင်း ကောက်ယူမည့် တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းကို အောက်တိုဘာ(၃)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ဖွင့်လှစ်သင်ကြားပေးခဲ့သည်။

အဆိုပါသင်တန်းတွင် မကွေးခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာလှလှပြုံး ၊ နတ်မောက်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာခင်ခင်ပြည့်တို့ကဦးဆောင်၍ ဌာနဝန်ထမ်း(၃)ဦးနှင့် စာရင်းကောက်ဦးရေ(၃၀)ဦးတို့အား တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းလုပ်ငန်းအတွက် မှန်ကန်မြန်ဆန် ဆောင်ရွက်နိုင်ရေး သင်ကြားပို့ချပေးခဲ့ပြီး၊ နေ့လည်ပိုင်းတွင် အင်းကုန်းကျေးရွာသို့ တိရစ္ဆာန်ကောင်ရေစာရင်းနမူနာများ လက်တွေ့ကွင်းဆင်း ကောက်ယူခဲ့ကြောင်းသိရသည်။အဆိုပါ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ မြို့နယ်ဦးစီးမှူးက“Commcare Applicationကို အသုံးပြု၍ Mobile Phoneတွင် ထည့်သွင်းအသုံးပြု၍ တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းနှင့် စာရင်းရေးသွင်းရာတွင် မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင်စေရန်နှင့် အစီရင်ခံစာများကို အဆင့်ဆင့် အချိန်နှင့်တစ်ပြေးညီ တင်ပြနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးနိုင်စေရန်” ရည်ရွယ်၍ ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်းပြောကြားခဲ့သည်။

ဥမ္မာခင်