မြောင်းမြ အောက်တိုဘာ ၅
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် မြောင်းမြမြို့ရှိ ပေသလပ်ကုန်း-ပြင်ရွာ လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများအား ယမန်နေ့က ဧရာဝတီတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပေသလပ်ကုန်း- ပြင်ရွာလမ်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေဖြင့် KKP- Tellus Co; Ltd မှ ပေသလပ်ကုန်း-ပြင်ရွာလမ်း ကွန်ကရစ်ခင်းခြင်း (၀/၄ မိုင် × ၁၂ ပေ × ၇ လက်မ) ကို တာဝန်ယူဆောင်ရွက်ပြီး၊ လုပ်ငန်းဆောင်ရွက်နေမှုများအား ဧရာဝတီတိုင်းဒေသကြီး ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ)ဦးထွေးကိုကိုနှင့် မြောင်းမြခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဒေါ်သန္တာဝင်းတို့က ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့သည်။
အဆိုပါ လမ်းကွန်ကရစ်ခင်းခြင်း ဆောင်ရွက်ပြီးစီးပါက ကျေးရွာအုပ်စု ၆ အုပ်စု၊ ကျေးရွာ ၁၉ ရွာ၊ ကျေးရွာသူ ကျေးရွာသား ပြည်သူ ၁၉၇၆၈ ဦးတို့အား အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်(မြောင်းမြ)